Header Ads

Tips and Tricks

Q: နားကြပ်ဝယ်ချင်လို့ အကြံနည်းနည်းပေးပါရှင့်။
A:  တကယ်က ပြီးပြည့်စုံတဲ့ဂီတနားဆင်မှုဆိုတာ အချက်၅ချက်ပေါ်မူတည်ပါတယ်။

၁။ မူရင်းသီချင်းရဲ့ Recording နည်းပညာပါ။ သီချင်းကိုယ်တိုင်က treble တွေ၊ bass သံတွေ ဝေဆာနေမယ်၊ အသံဖမ်းတွေကလည်း ပြည့်စုံနေမယ်ဆို လှပတဲ့သံစဉ်လေးတွေဖြစ်လာမှာပါ။ အဲဒီမှာ နည်းပညာမထွန်းကားသေးတဲ့ ၁၉၄ဝ အစောပိုင်းက သီချင်းတွေနဲ့ ဒီဘက်ခေတ်သီချင်းတွေကိုယှဉ်နားထောင်ကြည့်ရင်သိသာပါတယ်။

၂။ သီချင်းရဲ့ကွာလတီကလည်းအရေးပါတယ်။ သီချင်းများများဆံ့ရင်ပြီးရော size ချုံ့ထည့်ထားတဲ့ 64kbps mp3 တွေနဲ့ တစ်ပုဒ်ကို 7MB ကနေ 15MB လောက်ရှိတတ်တဲ့ 320kbps mp3 တွေယှဉ်နားထောင်ကြားရင်သိသာလာမှာပါ။ mp3 ထက် ပိုကောင်းတဲ့ looseless audio format တွေနဲ့လည်း ချိန်ထိုးကြည့်နိုင်ပါတယ်။

၃။ သီချင်းဖွင့်မယ့်စက်ကလည်း အရေးပါပါတယ်။ ကိုယ်က သိန်းကျော်တန်နားကြပ်ကြီးတွေသုံးမယ်၊ Hi-fi သီချင်းတွေနားထောင်မယ်ဆိုပေမယ့် ဖွင့်မဲ့စက်က ၂ဝဝဝတန် sd card စိုက်ဖွင့်တဲ့ mp3 player လေးတွေနဲ့ဆို ဘယ်လိုမှနားထောင်လို့ကောင်းမှာမဟုတ်တော့ပါဘူး။ ဖုန်းတွေထဲမှာဆို Vivo ဟာ Hi-fi chips တွေသုံးထားလို့ သီချင်းနားဆင်ရတာအတော်လေးကောင်းတယ်ဆိုတာ Vivo သုံးဖူးသူတိုင်း ပထမဆုံးခံစားမိတဲ့အတွေ့အကြုံပါပဲ။ အလားတူ Sony Walkman, Apple iPod, HTC Beats audio supported ဖုန်းတွေနဲ့ Nokia Xpress Music Player တွေမှာဆို အသကသိသိသာသာနားထောင်လို့ကောင်းလာပါတယ်။ Samsaung ကတော့သိပ်မစွံလှပါ။

၎။ ကိုယ်သုံးစွဲမယ့်နားကြပ်။ နားကြပ်ကတော့ ဈေးကြီးရင် ကောင်းတယ်ဆိုတာကတော့ ယေဘူယျလက်ခံရမယ့်အချက်ပါ။ တစ်ခါတစ်လေ သီချင်းကတိုး၊ ဖုန်းကအသံမကျယ်ရင်တောင် နားကျပ်ရဲ့ output ကများလို့ အသံကျယ်ကျယ်ပြန်ကြားရတာမျိုးကြုံဖူးမှာပါ။ ဒါမျိုးကို ကိုယ့်ဖုန်းကပါတဲ့ နားကြပ်နဲ့ အပြင်ကဝယ်လာတဲ့ နားကြပ်ကောင်းကောင်းနဲ့ယှဉ်ကြည့်ရင် ပိုသိသာလာပါတယ်။ နားကြပ်တံဆိပ်ပေါင်းစုံရှိသလို ပေးချင်တဲ့ experience ကလည်း မတူပါဘူး။ ဥပမာ Beats က Bass သံကို အသားပေးချိန်မှာ Audio Technica က Treble အသံတွေပိုမြိုင်ပါတယ်။ Senniheiser က soundstage ပိုပီသတဲ့အချိန်မှာ JBL က Vocal ရဲ့အသံကိုပိုပြီးမြှင့်တင်ပေးပါတယ်။ အခြား Bose, JVC, Sony အစရှိသည်ဖြင့် တံဆိပ်ပေါင်းစုံ ရသပေါင်းစုံ ပေးစွမ်းကြပါတယ်။ ကိုယ်နှစ်သက်တဲ့ Type ကိုသာရွေးချယ်ကြပါ။

၅။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်က ကိုယ့်ရဲ့နားထောင်နိုင်မှုပဲ။ iPhone မှာ FLAC format တွေကို Beats နဲ့ နားထောင်ဦးတော့၊ ကိုယ့်က ဂီတကိုမခံစားတတ်ရင် အလကားပဲ။ ဆူနေ Bass သံအူနေရင်ပြီးရော လူတွေ၊ အသံတွေစုံပလုံနေပြီးရော Vocal လှမလှ ဂရုမစိုက်တဲ့သူတွေ၊ Vocal အသံပဲကွက်နားထောင်ပြီး နောက်ခံက သေးသေးမွှားမွှားတီးလုံးတွေကိုဂရုမစိုက်တတ်တဲ့သူတွေအတွက်ကတော့ ပြီးပြည့်စုံတဲ့ဂီတဆိုတာရှိမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်နားကိုက တစ်ဖက်ကသိပ်မကြားတာကို နားကြပ်တစ်ဘက်ပျက်နေပါတယ်ဆိုပြီး complain တက်တဲ့လူကရှိသေး။ အဓိကကတော့ ကိုယ်ကသံစဉ်တွေကိုနားမလည် မခံစားတတ်ရင် ဘာနားကြပ်သုံးသုံး ထူးမှာမဟုတ်ဘူးဆိုတာပဲ။

သိသလောက်၊မြင်သလောက်၊ ခံစားရသလောက်ရေးတဲ့ Comment မို့ တော်တော်ရှည်သွားတယ်။ မျက်စိနောက်သွားရင် ကန်တော့ပါလို့။

Credit to @Thetwai Maung

======

Q: Why I see only Chinese characters in Myanmar Unicode characters?
A: You can change in fallbackfonts.xml Which is located in Root/system/etc. Move family of Padauk xml code to top. It will fix you to see build in padauk fonts. (Tested with Mi Note4G but can use this method to any android)

Credit to @Kyaw Thet

======

Q: 3G ဖွင့်ပြီး Download ဆွဲတဲ့အခါ waiting for wifi ချည်းပဲပေါ်နေတယ်၊ ဆွဲလို့မရဘူး။
A: Download apk ထဲဝင်ပြီး data ကို unlimited ပေးလိုက်ပါ။

======

Q: Mi Account ကို ဖုန်းနဲ့ဖွင့်မရဘူး၊ ဘယ်လိုလုပ်မလဲ။

A: Email နဲ့ဖွင့်လို့ရပါပီ ဖုန်းမှာ Original browser app ကိုဖွင့်လိုက်ပါ
Browser ထဲက setting >> Advanced >> User agent string >> desktop ထားပေးရင်ဖုန်းနဲ့ဖွင့်လို့ရပါပြီ
Iphone နဲ့ ipad အတွက်တောင်ပါသေးတယ်
Chrome မလိုတော့ဘူး;-)
Gmail ကိုဝင်ပီး verify လုပ်ဖို့မမေ့နဲ့နော်
Mi account ဖွင့်ရန်လင့်~ https://account.xiaomi.com/pass/register

Credit to @မျက်နှာဖုံး

======

Q: လိုင်းပျောက်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။

A: Mobile network>Preferred Network မှာ 3G only ဖြစ်နေတယ်ထင်ပါတယ်။ Preferred 3G ကိုထားကြည့်ပါ။ တခါတခါ WCDMA 3G လိုင်းကျရင် 900MHz နဲ့မပြောင်းလို့ လိုင်းပျောက်တာဖြစ်မယ်။

======

Q: Redmi note မှာ Ooredoo နဲ့ MPT ထည့်ထားပါတယ်၊ Ooredoo ကိုပဲ APN ချိန်လို့ရတယ်၊ MPT ကို APN ချိန်ပြီး Save လို့မရဘူး။

A: SIM1 မှ Ooredoo ကဒ်ကို ဖြုတ်ထားရပါမယ်၊ SIM2 မှာ MPT ထည့်ပြီး APN SETTING ထည့်ပြီး SAVE လုပ်ပါ။ ပြီးရင် SIM1 မှာ Ooredoo ပြန်ထည့်ပါ။ Dataကို SIM1 or SIM2 ကြိုက်တာရွေးသုံးနိုင်ပါတယ်။ SIM2 မှာ 2G ဖြစ်တဲ့အတွက် E ပဲပေါ်ပါမယ်။

======

Q: Facebook messeger က chat လို့မရဘူး၊ messenger က chat head က အလုပ်မလုပ်တော့ဘူး။

A: Securiry>permission>permission>popup notification>facebook and messager ၂ ခုကို on ပေးပါ။

======

Category ခွဲဖို့ Admin များ တာဝန်ခွဲယူစေချင်ပါတယ်၊ ကိုယ်သန်ရာသန်ရာ ခွဲယူကြရအောင်ပါ။
တာဝန်တွေမခွဲခင်မှာတော့ ဒီထဲကိုပဲကောင်းနိုးရာရာလေးတွေ ကူးထည့်ပေးကြပါ။

======

၁. Lock Screenကနေပြီး Camera, Phone call, messages ကိုတန်းသွားလို့ရတယ် ( မူရင်း Themes မှာ )

၂. Lock screen က အဝိုင်းလေးကို double tapရင် Music playerကို တန်းခေါ်လို့ရတယ်။

၃. Home buttonကို long pressရင် လက်နှိပ်ဓါတ်မီးတန်းပွင့်တယ်။

၎. MIUI မှာ App Drawerမရှိတော့ ထည့်ချင်ရင် MIUI App Drawerကို play storeကထည့်လို့ရတယ်။

၅. လက်သုံးချောင်းနဲ့ စုလိုက်ရင် Page Previewerရောက်တယ်။

၆. App တွေကို အလွယ်တကူရွှေ့ချင်ရင် လက်၂ချောင်းနဲ့စုလိုက်ပြီး Move Appကိုနှိပ်။ ပြီးရင် ရွှေ့ချင်တဲ့ appကို အောက်ကိုဆွဲချပြီးတော့ ရွှေ့ချင်တဲ့ pageမှာပြန်ချ

၇. App တွေကို နေရာတကျဖြစ်ချင်ရင် နံပါတ၆အတိုင်း လက်၂ချောင်းနဲ့စုလိုက်ရင် ရောက်တဲ့ shortcut pageမှာ နေရာတကျမရှိတဲ့ pageကိုသွားပြီး ဖုန်းကို လှုပ်ပေးလိုက်ပါ။

၈. Google ရဲ့serviceတွမရှိလိွု့ထည့်ချင်ရင် Google Installerကို Mi Marketကနေအရင်ထည့်ပြီးမှ လိုတဲ့ googleရဲ့ serviceတွေထည့်လို့ရတယ်။

၉. Rootလုပ်ပြီးနောက် root permission ဖွင့်ချင် ပိတ်ချင်ရင်တော့ Security ထဲက root permission ကို ဖွင့်လို့ပိတ်လို့ရပါတယ်။ ဒီနေရာမှာ Securityဆိုတာ နှစ်မျိုးရှိပါတယ်။ Settings ထဲက Securityရယ် အပြင်က Security appရယ်ပါ။ အခုဟာကတော့ အပြင်မှာ သတ်သတ်ရှိနေတဲ့ Security appပါ။

၁၀. Task Manager(လတ်တလော ဖွင့်ထားတဲ့ appတွေ ပြတဲ့ tray) ကိုဖွင့်ချင်ရင်တော့ Home buttonကို ကြာကြာလေးဖိထားရင်တွေ့ရပါမယ်။ ဖွင့်ထားတဲ့appတွေပိတ်ချင်ရင်တော့ ပိတ်ချင်တဲ့appပေါ်မှာ ဖိထားပြီးတော့ အပေါ်ကိုတွန်းလိုက်ပါ။ appအကုန်လုံးကိုပိတ်လိုက်ချင်ရင်တော့ ဆေးသုတ်တံလေးနဲ့တူတဲ့ iconလေးကိုဖိလိုက်ပါ။

၁၁. Background runထားတဲ့ appတခုခုကို အပေါ်ကနံပါတ၁၀ကအတိုင်းရှင်းရင်တောင် ပိတ်မသွားချင်ရင်တော့ lockလုပ်ထားရပါမယ်။ Lockလုပ်ချင်ရင်တော့ အပေါ်ကအတိုင်း Home Button ကိုကြာကြာဖိပြီး Task Managerကို ဖွင့်လိုက်ပြီးနောက် lockချင်တဲ့ appကို ဖိပြီးနောက် အောက်ကိုနည်းနည်းဆွဲချလိုက်ပါက သော့ခလောက်ပုံလေး app iconပေါ်မှာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ Lockထားတဲ့ appပါပိတ်ချင်ရင်တော့ ဖိထားပြီးနောက် အပေါ်ကိုဆွဲလိုက်ပြီး ပိတ်လိုက်လို့ရပါတယ်။

၁၂. Music Playerကို ရိုးရိုးဖွင့်တာအပြင် iconကိုဖိပြီး အောက်ကိုဆွဲလိုက်ပါက playerပေါ်လာပါလိမ့်မယ်။

၁၃. Music songsတွေမှာ ညာဖက်ကိုဆွဲလိုက်ပါက All Songsအပြင် Artists, Playlist နဲ့online musicတွေကိုတွေ့ရပါလိမ့်မယ်။

၁၄. Block Message and Important Message. Message ကိုBlock ချင်ရင်တော့ ပိတ်ချင်တဲ့Messageပေါ်ဖိထားလိုက်ရင်ပြီး အောက်မှာပေါ်လာတဲ့ Add to blocklistထဲထည့်လိုက်ရပါမယ်။ ဒါမှမဟုတ် အရေးကြီးMessageအဖြစ် အပေါ်ဆုံးမှာထားချင်ရင်တော့ Pinကိုရွေးရမှာဖြစ်ပါတယ်။

၁၅. Private Message အဖြစ်ထားချင်ရင်တော့ Message appထဲ့က Messageတွေမြင်နေရတဲ့အပေါ်မှာဖိပြီးဆွဲချလိုက်ရင်တော့ Private Message Sectionကို မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ sectionရဲ့အောက်နားမှာ Settingရှိပြီး Passwordထားမလား patternနဲ့ထားမလားရွေးလိုရပြီး ဘယ်သူကတော့ private contactပါဆိုတာရွေးလို့ရပါတယ်။

၁၆. Camera ( For v5 ) မှာပုံမှန်ရိုးရိုးကနေပြီး တခြားပေးထားတဲ့ featuresတွေသုံးချင်ရင်တော့ camera ထဲဝင်လိုက်ပြီး ညာဖက်စွန်းက menu iconလေးကိုနှိပ်လိုက်ပါ။ ပြီးနောက် Settings ကိုရွေးပါ၊ Advanced Settingsကိုရွေးပြီးနောက် Simple Modeကိုပိတ်ပေးလိုက်ရင်တော့ menu မှာအမျိုးမျိုးချိန်လို့ရတာတွေကိုတွေ့ရပါလိမ့်မယ်။

၁၇. Cameraသုံးနေရင်းနဲ့ volume buttonကို Shutterအဖြစ် Zoomအဖြစ်သုံးချင်ရင်တော့ Camera Settingထဲက Volume Button Functionsမှာရွေးလို့ရပါတယ်။

၁၈. Cameraမှာ အချိန်ကို Watermarkအနေနဲ့ သုံးချင်ရင်တော့ Camera Setting ထဲမှာပဲ Time Watermarkကို onထားပေးရပါမယ်။

၁၉. Camera Grid Lineကို ဖွင့်ချင်ရင်တော့ Camera Settingထဲက Reference Lineကို onထားပေးရပါမယ်။

၂၀. Cameraထဲမှာ ဘယ်အသက်လဲ ယောကျာ်းလား မိန်းမလားခွဲပေးတဲ့ Feature သုံးချင်ရင်တော့ Face recognitionကို onထားပေးရပါမယ်။

၂၀. Cameraထဲမှာ ဘယ်အသက်လဲယောကျာ်းလား မိန်းမလားခွဲပေးတဲ့ Feature သုံးချင်ရင်တော့ Face recognitionကို onထားပေးရပါမယ်။

၂၁. Themes တွေFont တွေLockScreen Style တွေAlarm styleတွေ ပြောင်းချင်ရင်တော့ Themesထဲမှာ ဝင်ပြောင်းနိုင်ပါတယ်။Themeတခုလုံးပြောင်းလို့ရတဲ့အပြင် ဆိုင်ရာဆိုင်တခုခြင်းဆီကို ပြောင်းချင်ရင်တော့Categoryထဲက Edit Theme(Customize Theme)ထဲမှာ တခုခြင်းစိတ်ကြိုက်ဝင်ပြောင်းလို့ရပါတယ်။

၂၂. Toggleမှာ ထပ်ထည့်ချင်ရင်ဖြုတ်ချင်ရင်တော့ Toggle Panelမှာ အစက်လေးသုံးစက်ပေါ်နှိပ်လိုက်ရင်တော့ Toggleတွေကိုလိုသလိုရွှေ့လို့ရတဲ့နေရာကိုရောက်ပါမယ်။ အဲ့ဒီ့နေရာမှာ ရွှေ့ချင်တဲ့ပေါ်မှာဖိပြီး အပေါ်ကToggle Panel လလိုင်းပေါ်ထိဆွဲထည့်ပေးရမှာဖြစ်ပါတယ် ( v6မှာတော့ ဖြုတ်တာ ထည့်တာလုပ်မရပဲနေရာပဲရွှေ့လို့ရတော့တယ် )

၂၃. Toggleရဲ့ layoutပြောင်းချင်ရင်တော့Toggleရဲ့ Settingကနေပြီး Pageနဲ့ပြမှာလား Barနဲ့ပြမှာလားလို့ ရွေးလို့ရပါတယ်။ (v6မှာမရပါ) ပုံမှန်က Page Layoutနဲ့ပြပြီး Bar Layout ကိုပြောင်းလိုက်လျှင်တော့Notification page
ရဲ့အောက်မှာ ဘားတန်းနဲ့မြင်ရမှာဖြစ်ပါတယ်။

၂၄. Connection SpeedတွေကိုလဲဒီNotification Settingမှာ on ပေးလိုက်ရင်တော့ အပေါ်က status bar မှာပြပေးပါလိမ့်မယ်။

၂၅. Data usage infoကိုNotification Settingမှာ on ပေးလိုက်ရင်ပြီး Notification Toogle မှာပြပေးပါလိမ့်မယ်။

၂၆. ဘယ်appရဲ့notificationကိုတော့ဖြင့်ု lock screenမှာပြပါ။ ဘာဟာတော့မပြပါနဲ့ဆိုတာ ဒီNotificationSettingရဲ့ Manage Notificationမှာ သတ်မှတ်ထားလို့ရပါတယ်။

၂၇. NotificationSetting ထဲမှာပဲ Additional Settingထဲကို ဝင်လိုက်ရင်တော့ဖြင့် Providerနာမည်ကို ပြမယ်မပြဘူး။ Providerနာမည်တွေပြောင်းချင်တာ။ Screen Shot ရိုက်ပြီးကြောင်းကို ပြမယ် မပြဘူးတွေ။Notificationကို Lock screenမှာ ပေါ်မယ် မပေါ်ဘူးတွေကို ဒီမှာပြင်လို့ရပါတယ်။

၂၈. Additional SettingထဲကCollape after touch ကိုဖွင့်ထားရင်တော့ Toggleက buttonတွေကို ထိပြီးတာနဲ့ Toggleကအလိုလျှောက်အပေါ်ကိုပြန်တက်ပြီး ပိတ်သွားမှာ ဖြစ်ပါတယ်။

၂၉. Additional SettingထဲကEnable on lock screenကိုဖွင့်ထားရင်တော့ Toggleကို lock screenမှာလဲသုံးလို့ရမှာ ဖြစ်ပါတယ်။

၃၀. Battery iconကို ရိုးရိုးပဲပြတာအပြင်percentageလေးနဲ့ပြချင်ရင်တော့ Settingထဲက Batteryထဲကို ဝင်ပြီးတော့ Batteryindicatorထဲမှာ Percentageနဲ့ပြချင်လား Graphicalနဲ့ပြမလား Top Barအတန်းလေးနဲ့ ပြမလားလို့ရွေးလို့ရပါတယ်။


၃၁. နောက်တခုကတော့ Volbuttonပဲဖြစ်ပါတယ်။ တခြားဖုန်းတွေအတိုင်းပါပဲ Vol Upကိုရွေးရင် အသံချဲ့ပေးပြီး VolDownကို အဆုံးထိသွားရင် Vibrate modeကိုပြောင်းပါတယ်။ ထပ်နှိပ်ရင်တော့ Silentmodeကိုထပ်ပြောင်းပါတယ်။ အဲ့ဒါအပြင် Vol Up ဒါမှမဟုတ် Downကိုနှိပ်လို့ပေါ်လာတဲ့ အဝိုင်းလေးကိုဖိလိုက်ရင်တော့ဘားတန်းလေးနဲ့ထွက်လာပြီး လက်ဖျားလေးနဲ့ အတိုးအချဲ့လိုသလိုရွှေ့လို့ရပါတယ်။

ကိုတင်ညွှန့်
source : https://www.youtube.com/watch?v=c6E4Epa560A&feature=youtu.be

Credit to @Khaing Su Hlaing
======

No comments