Header Ads

Mi ဖုန်းတွေမှာ WSM Tools ထည့်ပြီး Logo မှမတက်သူတွေနဲ့ တခြားဖုန်းတွေမှာ Xposed Installer ထည့်ပြီး Logo မှာရပ်နေသူတွေအတွက်

Mi ဖုန်းတွေမှာ WSM Tools ထည့်ပြီး Logo မှမတက်သူတွေနဲ့
တခြားဖုန်းတွေမှာ Xposed Installer ထည့်ပြီး Logo မှာရပ်နေသူတွေအတွက်
WSM tools နဲ့ Xposed Installer ဟာ အတူတူပဲလို့ပြောလို့ရပါတယ်
MIUI Rom တွေမှာ WSM tools ကိုသုံးကြပြီး တခြား rom များမှာတော့ Xposed Installer ကို သုံးကြပါတယ်။
သဘောတရားအနေနဲ့ တော်တော်များများမှာ လုပ်ဆောင်ပုံခြင်းတူသလို ပြောင်းပြီးလည်း သုံးလို့ ရပါတယ် တကယ်ဆို သူတို့ နှစ်ဦးကဘာလည်း ဘယ်မှာသုံးကြမှာလည်း လို့ မေးလာရင်တော့ သူတို့ကို သုံးရတာမဟုတ်ပေမယ့် သူတို့ မပါရင်မပြီးတာပါလို့ပဲ ပြောပါရစေ ....
ကွန်ပျူတာ တလုံးမှာ Dotnet Framework တို့ Java တို့ရှိရန်လိုအပ်သလိုမျိုး WSM Tools နဲ့ Xposed Installer ဟာလည်း Android OS အတွက် တထောင့်တနေရာကနေ လိုအပ်နေပါတယ်။ သူတို့ဟာလည်း Android Phone တွေထဲက Modules တချို့ကို run ဖို့ရာ လိုအပ်တဲ့ Framework ဖြစ်နေလို့ပါ။ ဘယ်လို ဟာတွေ ကို အတွက်ဖြစ်မလည်းလို့ မေးလာခဲ့သည်ရှိသော် ဖုန်းတွေထဲက error တွေတော်တော်များများကို ပြန်ပြင်ပေးဖို့ ထုတ်ထားတဲ့ fix တွေ ပါဝင်နေလို့ပါလို့ ပဲ ပြောပြမိပါလိမ့်မယ်။
ဥပမာ အနေနဲ့ ပြောရမယ်ဆို Google Maps SDK Drifting Fix for China,HTC Car Mode, HTC Gesture Modifier(M8) အပြင် ကျွန်တော်တို့ Android Phone တွေရဲ့ Carrier Name ချိန်းတာတို့ တခြား setting ပြင်တာတို့တွေကိုပါ လုပ်ခွင့်ပေးထားပါတယ်။ တခြား Samsung, Sony နဲ့ တခြား Brand တွေအတွက် error ရှင်းပေးတာတွေ အများကြီးမှ အများကြီး ရှိပါသေးတယ် ကျွန်တော်တောင် အားလုံးကို မဖတ်ရသေးပါဘူး ခင်ဗျာ။ အဲ့ဒါကို သုံးကြည့်ချင်ရင်တော့
https://www.mediafire.com/?fy7rnu52m75i6p1
အဲ့ဒါလေးကို ဒေါင်းပြီးတင်ပါ ... တင်ပြီးရင်တော့ Xposed Installer ကိုဖွင့်လိုက်ရင် Framework နေရာမှာ နီနေပါ့မယ် အဲ့ထဲဝင်လိုက်ရင်တော့ Install/Update တို့ Uninstall အစရှိတာလေးတွေကိုတွေ့ရပါမယ် အဲ့မှာ Install/Update ကိုနှိပ်လိုက်ရင် သတိပေးစာတမ်းလေးပေါ်လာပါလိမ့်မယ် OK ဆိုရင်တော့ reboot ကျသွားပြီး ပြန်တက်လာရင်တော့ Xposed Installer တင်ပြီးတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ဘယ်လိုသုံးရမလည်းဆိုရင်တော့ Xposted Installer ထဲဝင်မယ်ပြီးရင် Download ထဲမှာ ကိုယ်နဲ့ သက်ဆိုင်တာလေးတွေ ရှာမယ် ပြီးရင် ဒေါင်းမယ်ပေါ့။ ဒေါင်းလို့ ပြီးသွားရင် အဲ့ဒေါင်းပြီး install လုပ်သွားတဲ့ ဟာလေးတွေက Modules ထဲကို ရောက်သွားပါလိမ့်မယ်
အဲ့ထဲကို ပြန်ဝင် ပြီး run ပေးလိုက်ပါ ပြီးရင် reboot လုပ်ပြီးရင် ခုန Module ထဲက ဟာလေးတွေဟာ active ဖြစ်သွားပါပြီ။ လိုသလိုအသုံးချတော်မူကြပါကုန် ...
ဖြစ်နိုင်တဲ့ ပြဿနာတခုရှိပါတယ် အဲ့ဒါကို အဓိကပြောချင်လို့ ဒီပို့စ်ကို ရေးတာပါ
WSM tools နဲ့ Xposted Installer ကို သွင်းပြီး Framework ကို Install လုပ်တဲ့ အချိန်မှာ အန္တရယ် အရမ်းများပါတယ်။
ဘယ်လိုဖြစ်တတ်ပါသလည်းဆိုတော့ Phone reboot လုပ်ပြီး ပြန်အတက်မှာ Logo ကနေ ဆက်မတက်တော့တဲ့ အခြေအနေ တော်တော်များများကြုံတာကို တွေ့ရတတ်ပါတယ်။ အဲ့လို တွေ့လို့လည်း စိတ်မပူပါနဲ့ အားမငယ်ကြပါနဲ့
http://dl-1.va.us.xda-developers.com/…/Xposed-Disabler-Reco…
(or)
http://dl-1.va.us.xda-developers.com/…/Xposed-Disabler-Reco…
ဒီဖိုင်လေးကို ဒေါင်းပြီး ဖုန်းရဲ့ SD ထဲပဲ ဖြစ်ဖြစ် Internal ထဲပဲ ဖြစ်ဖြစ် ထည့်ပြီး ဆောင်ထားလိုက်ပါ။
တကယ်လို့ Logo မှာ တင် ရပ်နေပြီဆိုရင်တော့ အပေါ်က zip ဖိုင်လေးကို Recovery mode ထဲကဖြစ်ဖြစ် CWM ထဲကဖြစ်ဖြစ် Flash လိုက်ပါ ပြန်တက်လာပါလိမ့်မယ် ......

Credit - ကိုကိုကြပ်

No comments