Header Ads

mi3, mi4, minote, mipad ရဲ့ system ကို true dual boost on ပီး system 2ခုသုံးချင်သူများအတွက်..

mi3, mi4, minote, mipad ရဲ့ system ကို true dual boost on ပီး system 2ခုသုံးချင်သူများအတွက်..


အရင်ဆုံးပြောချင်တာကတော့ ကိုယ်သုံးမဲ့ဖုန်းရဲ့ recovery တွေကို သိထားတာက ကိုယ် rom version upgrade လုပ်ချင်တဲ့အခါမျိုးမှာ အသုံးဝင်ပါတယ်.. rom version upgrade ကို updater ကနေ လုပ်လို့မရဘူးလားလို့ မေးစရာရှိပါတယ်.. ဟုတ်ကဲ့ ရပါတယ်.. ဒါပေမယ့် mi recovery က သူ့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ထားပါတယ်.. recovery link တွေကို အောက်မှာ ပေးထားပါတယ်.. အတတ်နိုင်ဆုံးတော့ ph အားလုံးအတွက် လုပ်ပေးချင်ပေမယ့် တချို့ဖုန်းတွေက cwm ကို တိုက်ရိုက်ထည့်လို့မရသေးတဲ့ဟာတွေ ရှိနေသေးလို့ နောက်ပိုင်း ပြန်ပေါင်းထည့်ပေးပါ့မယ်..

ဆက်ရရင်...
အပေါ်က ပြောခဲ့တဲ့ဗားရှင်းတွေမှာ system2 ခုစလုံးကို enable (TDB)true dual boost လုပ်ပေးပီး system တခုချင်းစီမှာ rom တခုစီထားလို့ရပါတယ်.. အရင်ဆုံး ဘာလုပ်ရမလဲဆိုတော့ cwm ကို အင်စတောလုပ်ပါ.ပီးရင် recovery ၀င်ပီး backup data လုပ်ထားဖို့ အရေးကြီးပါတယ်… ပီးမှ wipe သုံးမျိုး လုပ်ရပါမယ်.. wipe all data, wipe cache partition, ပီးရင် advanced ထဲကနေ wipe dalvik cache လုပ်ပေးရပါမယ်… ပီးရင်တော့ system 1 ကိုရွေးပီး stable or dev rom တင်ပါ. china rom or dev rom နှစ်ခုစလုံးမှာဖြစ်နေရင် gapps crack ဖြစ်ဖို့ အလားအလာနည်းသွားပါမယ်… ပီးတော့မှ reboot now လုပ်ပေးပါ… supersu အတွက်ကတော့ supersu.zip ကိုသုံးမယ်ဆိုရင်တော့ system2  က အဆင်မပြေဖြစ်တတ်တယ်… ဒါကြောင့် dev rom တင်စေချင်ပါတယ်… system2 ဆိုတာက တကယ်တမ်းတော့ backup system တခုအနေနဲ့ ရှိနေတာမို့ dev rom တင်ခဲ့မယ်ဆိုရင်တောင် ota update မလုပ်ပါဘူး… dev rom တင်ထားမယ် ota update လုပ်လိုက်မယ်ဆိုရင် recovery မှာ ပြန်စစ်ကြည့်လိုက်ပါ system 1 မှာ အလုပ်လုပ်နေပါလိမ့်မယ်… Ota update အားလုံးက system1 ကို support လုပ်တာများပါတယ်.. ဒီတော့ fully rom ဒေါင်းပီးမှ recovery ကနေ system2 ကို install လုပ်တာ ပိုပီးအဆင်ပြေပါမယ်.

မဖြစ်မနေ system2  မှာ stable rom တင်မယ်လို့ စိတ်ပိုင်းဖြတ်ထားရင်တော့ supersu ကို zip မသုံးဘဲ apk ကို playstore က ဒါမှမဟုတ် တခြားတနေရာကနေ ဒေါင်းပီး install လုပ်ပါ.. ပီးရင် သူက update လုပ်ဖို့ ပြောလာခဲ့ရင် normal/twrp ဆိုရင် normal ကိုရွေးပေးပါ.. reboot ကျပီး ပြန်တတ်လာရင် supersu အသုံးပြုလို့ရပါပီ… native root.zip ကိုသုံးမယ်ဆိုရင်လည်း recovery ကနေသာ တင်ဖို့ အကြံပြုလိုပါတယ်...

supersu.zip>>> http://www.mediafire.com/download/j6m11x4g4qr2acp
supersu.apk>>> http://www.mediafire.com/download/33cajkxj0x2dx4c

ကျွန်တော်သိသလောက် ကလိထားသမျှလေး ဖောက်သည်ချခြင်းသာဖြစ်ပါတယ်… ဘာပဲလုပ်လုပ် your own risk မို့ သေချာလေး ဖတ်ပီး လုပ်စေချင်ပါတယ်...

အောက်မှာ recovery အကြောင်းနဲ့ ဒေါင်းရမယ့်လင့်တွေ ပေးထားပါတယ်….
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Mi recovery system...
Mi က သူ့ရဲ့ဖုန်းတွေ recovery အတွက် recovery ၂မျိုး အသုံးပြုထားပါတယ်... ဘာတွေလဲ... ဘယ်ဖုန်းမှာ ဘာသုံးလဲ ဒါကလဲ သိသင့်ပါတယ်......

Redmi 1s
Note 4g
Mi3w/c 
Mi4 w/c တွေမှာ အသုံးပြုတာက mi recovery version 2.0.1 အသုံးပြုထားပါတယ်... 
အသုံးပြုရတာ လွယ်တယ်.... ခက်တာက external sd card ကဟာကို recovery ကနေ flash လို့ မရဘဲ sd card ထဲမှာပဲ update.zip လို့ ဖိုင်နာမည်ပြောင်းပီး install update.zip from sdcard ဆိုပီး သုံးလို့ရတယ်..... 
စစချင်း ဘာနဲ့ recovery mode သွားမလဲ...
1.Updater>reboot to recovery mode
2.power+volum up
(အပေါ်အောက် ဆင်းဖို့ အသံအတိုးအကျယ် ခလုတ်သုံးပီး enter အတွက် power ခလုတ်ကို သုံးသည်)
အရင်ဆုံး ပေါ်လာရင် တရုတ်စာ နှစ်ကြောင်းနဲ့ အဂ်လိပ်တကြောင်း..... အင်္ဂလိပ်ကိုရွေး..... အထဲရောက်ရင် reboot now, wipe, install update.zip from sdcard, back main menu.... စသဖြင့် ကိုယ်အသုံး ပြုလိုတာကို ရွေးပီး သွားနိုင်ပါတယ်......
Wipe ထဲမှာ.... wipe cache, wipe user data, wipe all data..... 3ခု ရှိပါတယ်... တော်ရုံတန်ရုံ သေးသေးလေး ပြသနာ အဲဒါနဲ့ရှင်းကြည့်... နဲနဲလေး တိုင်ပတ်တာ များရင် wipe user data..... အနော့်ဖုန်းတော့ လိုဂိုကနေ မတက်တော့ဘူး.... wipe all data လုပ်ပေးလိုက်..... wipe ကိစ္စပီးတော့ ဘာဆက်လုပ်ရအုံးမလဲဆိုတော့ reboot now လေး နှိပ်ပီး ပြန်သွားလို့ရပီ....
# အားသာချက် အသုံးပြုလွယ်
အားနည်းချက် wipe all data လုပ်ရင် apps အားလုံးပျက်ကုန်......#
Cwm or twrp recovery သုံးချင်ရင်တော့ custom တင်လို့ရတယ်.... stabel verion မြှင့်လိုက်တိုင်း ပြန်တင်ပေးရမယ်... dev version မြှင့်ရင် ထပ်တင်စရာမလို.....

Cwm recovery.....
Note 3g တွေမှာပဲ သုံးတယ်.... အားသာချက်က external memory card က zip ဖိုင်တွေကို flash လို့ရတယ်... သူကို ၀င်ပုံက အပေါ်နဲ့ ဆင်တူတယ်... ကွဲတာက recovery ထဲရောက်ပီးမှ choose ကို volum down key နဲ့ လုပ်ပီး enter က volum up ပါ......
# အားသာချက်... external sd card ထဲက ဖိုင်များကို flash လုပ်လို့ရ... wipe all data လုပ်လဲ apps မပျက်.. backup & restore  လုပ်လို့လဲရ……
အားနည်းချက် recovery mode ကို ၀င်ဝင်ချင်း no command ဆိုပီးပဲ ပေါ်နေတယ်… တစ်ခုခုဖြစ်ပီလားဆိုပီး စိုးရိမ်တတ်ကြတယ် power ခလုတ်ကို နှိပ်ပေးလိုက်မှ menu စာတမ်းလေးတွေ ပေါ်လာမယ် သက်ဆိုင်ရာကို ၀င်ပီး ကလိနိုင်ပါပီ…..
ဒီလောက်ကတော့ ကျွန်တော်သိသမျှ အကုန်ဆိုပါတော့.... ထပ်မံဖြည်းသွင်းစရာလေးများ ရှိပါက ဖြည့်ပေးကြပါ….

custom recovery systems…….

cwm recovery for note 3g
u need to install mobile uncle tool on ur device first….

twrp recovery for mi3/mi4
or

Cwm philz recovery for mi note 4g single sim


cwm recovery for mipad

updater ကနေ တိုက်ရိုက်တင်လို့ရပါတယ်..... updater ကနေ ဘယ်လိုဝင်ရမယ် ဆိုတာတော့ ပြောထားတာတွေ အများကြီးရှိခဲ့ တဲ့အတွက် ထပ်မရှင်းပြတော့ဘူးနော်…..

updater ကနေ တင်လို့မရခဲ့ဘူးဆိုရင်တော့ သွင်းချင်တဲ့ recovery file ကို update.zip လို့ပေးပီး internal storage ထဲကို ဘယ်ဖိုဒါမှ မထားဘဲ အပြင်မှာထားပါ ပီးရင် ဖုန်းကို power off လိုက်ပါ… ပီးရင် power+volume up အတူတူဖိထားလိုက်ရင် mi recovery ပေါ်လာမယ် အဲဒီ့ကနေမှတဆင့် install update.zip from sd card ကိုရွေးပီး အိုကေပေးလိုက်ရင် အင်စတော လုပ်သွားပါလိမ့်မယ်… recovery ၀င်ဖို့ note 3g သမားတွေကတော့ power+volume down ပါ


အဆင်ပြေကြပါစေ....

No comments