Header Ads

MIUI နဲ့ပတ်သက်သမျှ Tips & Tricks

MIUI V5 ကိုအခြေပြုထားပါတယ်

၁. Lock Screenကနေပြီး Camera, Phone call, messages ကိုတန်းသွားလို့ရတယ် ( မူရင်း Themes မှာ )

၂. Lock screen က အဝိုင်းလေးကို double tapရင် Music playerကို တန်းခေါ်လို့ရတယ်။

၃. Home buttonကို long pressရင် လက်နှိပ်ဓါတ်မီးတန်းပွင့်တယ်။

၎. MIUI မှာ App Drawerမရှိတော့ ထည့်ချင်ရင် MIUI App Drawerကို play storeကထည့်လို့ရတယ်။

၅. လက်သုံးချောင်းနဲ့ စုလိုက်ရင် Page Previewerရောက်တယ်။

၆. App တွေကို အလွယ်တကူရွှေ့ချင်ရင် လက်၂ချောင်းနဲ့စုလိုက်ပြီး Move Appကိုနှိပ်။ ပြီးရင် ရွှေ့ချင်တဲ့ appကို အောက်ကိုဆွဲချပြီးတော့ ရွှေ့ချင်တဲ့ pageမှာပြန်ချ

၇. App တွေကို နေရာတကျဖြစ်ချင်ရင် နံပါတ၆အတိုင်း လက်၂ချောင်းနဲ့စုလိုက်ရင် ရောက်တဲ့ shortcut pageမှာ နေရာတကျမရှိတဲ့ pageကိုသွားပြီး ဖုန်းကို လှုပ်ပေးလိုက်ပါ။

၈. Google ရဲ့serviceတွမရှိလိွု့ထည့်ချင်ရင် Google Installerကို Mi Marketကနေအရင်ထည့်ပြီးမှ လိုတဲ့ googleရဲ့ serviceတွေထည့်လို့ရတယ်။

၉. Rootလုပ်ပြီးနောက် root permission ဖွင့်ချင် ပိတ်ချင်ရင်တော့ Security ထဲက root permission ကို ဖွင့်လို့ပိတ်လို့ရပါတယ်။ ဒီနေရာမှာ Securityဆိုတာ နှစ်မျိုးရှိပါတယ်။
Settings ထဲက Securityရယ် အပြင်က Security appရယ်ပါ။ အခုဟာကတော့ အပြင်မှာ သတ်သတ်ရှိနေတဲ့ Security appပါ။

၁၀. Task Manager(လတ်တလော ဖွင့်ထားတဲ့ appတွေ ပြတဲ့ tray) ကိုဖွင့်ချင်ရင်တော့ Home buttonကို ကြာကြာလေးဖိထားရင်တွေ့ရပါမယ်။ ဖွင့်ထားတဲ့appတွေပိတ်ချင်ရင်တော့ ပိတ်ချင်တဲ့appပေါ်မှာ ဖိထားပြီးတော့ အပေါ်ကိုတွန်းလိုက်ပါ။ appအကုန်လုံးကိုပိတ်လိုက်ချင်ရင်တော့ ဆေးသုတ်တံလေးနဲ့တူတဲ့ iconလေးကိုဖိလိုက်ပါ။

၁၁. Background runထားတဲ့ appတခုခုကို အပေါ်ကနံပါတ၁၀ကအတိုင်းရှင်းရင်တောင် ပိတ်မသွားချင်ရင်တော့ lockလုပ်ထားရပါမယ်။ Lockလုပ်ချင်ရင်တော့ အပေါ်ကအတိုင်း Home Button ကိုကြာကြာဖိပြီး Task Managerကို ဖွင့်လိုက်ပြီးနောက် lockချင်တဲ့ appကို ဖိပြီးနောက် အောက်ကိုနည်းနည်းဆွဲချလိုက်ပါက သော့ခလောက်ပုံလေး app iconပေါ်မှာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ Lockထားတဲ့ appပါပိတ်ချင်ရင်တော့ ဖိထားပြီးနောက် အပေါ်ကိုဆွဲလိုက်ပြီး ပိတ်လိုက်လို့ရပါတယ်။

၁၂. Music Playerကို ရိုးရိုးဖွင့်တာအပြင် iconကိုဖိပြီး အောက်ကိုဆွဲလိုက်ပါက playerပေါ်လာပါလိမ့်မယ်။

၁၃. Music songsတွေမှာ ညာဖက်ကိုဆွဲလိုက်ပါက All Songsအပြင် Artists, Playlist နဲ့online musicတွေကိုတွေ့ရပါလိမ့်မယ်။

၁၄. Block Message and Important Message. Message ကိုBlock ချင်ရင်တော့ ပိတ်ချင်တဲ့Messageပေါ်ဖိထားလိုက်ရင်ပြီး အောက်မှာပေါ်လာတဲ့ Add to blocklistထဲထည့်လိုက်ရပါမယ်။ ဒါမှမဟုတ် အရေးကြီးMessageအဖြစ် အပေါ်ဆုံးမှာထားချင်ရင်တော့ Pinကိုရွေးရမှာဖြစ်ပါတယ်။

၁၅. Private Message အဖြစ်ထားချင်ရင်တော့ Message appထဲ့က Messageတွေမြင်နေရတဲ့အပေါ်မှာဖိပြီးဆွဲချလိုက်ရင်တော့ Private Message Sectionကို မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ sectionရဲ့အောက်နားမှာ Settingရှိပြီး Passwordထားမလား patternနဲ့ထားမလားရွေးလိုရပြီး ဘယ်သူကတော့ private contactပါဆိုတာရွေးလို့ရပါတယ်။

၁၆. Camera ( For v5 ) မှာပုံမှန်ရိုးရိုးကနေပြီး တခြားပေးထားတဲ့ featuresတွေသုံးချင်ရင်တော့ camera ထဲဝင်လိုက်ပြီး ညာဖက်စွန်းက menu iconလေးကိုနှိပ်လိုက်ပါ။ ပြီးနောက် Settings ကိုရွေးပါ၊ Advanced Settingsကိုရွေးပြီးနောက် Simple Modeကိုပိတ်ပေးလိုက်ရင်တော့ menu မှာအမျိုးမျိုးချိန်လို့ရတာတွေကိုတွေ့ရပါလိမ့်မယ်။

၁၇. Cameraသုံးနေရင်းနဲ့ volume buttonကို Shutterအဖြစ် Zoomအဖြစ်သုံးချင်ရင်တော့ Camera Settingထဲက Volume Button Functionsမှာရွေးလို့ရပါတယ်။

၁၈. Cameraမှာ အချိန်ကို Watermarkအနေနဲ့ သုံးချင်ရင်တော့ Camera Setting ထဲမှာပဲ Time Watermarkကို onထားပေးရပါမယ်။

၁၉. Camera Grid Lineကို ဖွင့်ချင်ရင်တော့ Camera Settingထဲက Reference Lineကို onထားပေးရပါမယ်။

၂၀. Cameraထဲမှာ ဘယ်အသက်လဲ ယောကျာ်းလား မိန်းမလားခွဲပေးတဲ့ Feature သုံးချင်ရင်တော့ Face recognitionကို onထားပေးရပါမယ်။

၂၁. Themes တွေFont တွေLock Screen Style တွေAlarm styleတွေ ပြောင်းချင်ရင်တော့ Themesထဲမှာ ဝင်ပြောင်းနိုင်ပါတယ်။ Themeတခုလုံးပြောင်းလို့ရတဲ့အပြင် ဆိုင်ရာဆိုင်တခုခြင်းဆီကို ပြောင်းချင်ရင်တော့ Categoryထဲက Edit Theme(Customize Theme)ထဲမှာ တခုခြင်းစိတ်ကြိုက်ဝင်ပြောင်းလို့ရပါတယ်။

၂၂. Toggleမှာ ထပ်ထည့်ချင်ရင် ဖြုတ်ချင်ရင်တော့ Toggle Panelမှာ အစက်လေးသုံးစက်ပေါ်နှိပ်လိုက်ရင်တော့ Toggleတွေကို လိုသလိုရွှေ့လို့ရတဲ့နေရာကိုရောက်ပါမယ်။ အဲ့ဒီ့နေရာမှာ ရွှေ့ချင်တဲ့ပေါ်မှာဖိပြီး အပေါ်က Toggle Panel လလိုင်းပေါ်ထိဆွဲထည့်ပေးရမှာဖြစ်ပါတယ် ( v6မှာတော့ ဖြုတ်တာ ထည့်တာလုပ်မရပဲ နေရာပဲရွှေ့လို့ရတော့တယ် )

၂၃. Toggleရဲ့ layoutပြောင်းချင်ရင်တော့ Toggleရဲ့ Settingကနေပြီး Pageနဲ့ပြမှာလား Barနဲ့ပြမှာလားလို့ ရွေးလို့ရပါတယ်။ (v6မှာ မရပါ) ပုံမှန်က Page Layoutနဲ့ပြပြီး Bar Layout ကိုပြောင်းလိုက်လျှင်တော့ Notification page
ရဲ့အောက်မှာ ဘားတန်းနဲ့မြင်ရမှာဖြစ်ပါတယ်။

၂၄. Connection Speedတွေကိုလဲ ဒီNotification Settingမှာ on ပေးလိုက်ရင်တော့ အပေါ်က status bar မှာပြပေးပါလိမ့်မယ်။

၂၅. Data usage infoကို Notification Settingမှာ on ပေးလိုက်ရင်ပြီး Notification Toogle မှာပြပေးပါလိမ့်မယ်။

၂၆. ဘယ်appရဲ့ notificationကိုတော့ဖြင့်ု lock screenမှာပြပါ။ ဘာဟာတော့မပြပါနဲ့ဆိုတာ ဒီNotification Settingရဲ့ Manage Notificationမှာ သတ်မှတ်ထားလို့ရပါတယ်။

၂၇. Notification Setting ထဲမှာပဲ Additional Settingထဲကို ဝင်လိုက်ရင်တော့ဖြင့် Providerနာမည်ကို ပြမယ် မပြဘူး။ Providerနာမည်တွေပြောင်းချင်တာ။ Screen Shot ရိုက်ပြီးကြောင်းကို ပြမယ် မပြဘူးတွေ။ Notificationကို Lock screenမှာ ပေါ်မယ် မပေါ်ဘူးတွေကို ဒီမှာပြင်လို့ရပါတယ်။

၂၈. Additional Settingထဲက Collape after touch ကိုဖွင့်ထားရင်တော့ Toggleက buttonတွေကို ထိပြီးတာနဲ့ Toggleက အလိုလျှောက်အပေါ်ကိုပြန်တက်ပြီး ပိတ်သွားမှာ ဖြစ်ပါတယ်။

၂၉. Additional Settingထဲက Enable on lock screenကိုဖွင့်ထားရင်တော့ Toggleကို lock screenမှာလဲသုံးလို့ရမှာ ဖြစ်ပါတယ်။

၃၀. Battery iconကို ရိုးရိုးပဲပြတာအပြင် percentageလေးနဲ့ပြချင်ရင်တော့ Settingထဲက Batteryထဲကို ဝင်ပြီးတော့ Battery indicatorထဲမှာ Percentageနဲ့ပြချင်လား Graphicalနဲ့ပြမလား Top Barအတန်းလေးနဲ့ ပြမလားလို့ရွေးလို့ရပါတယ်။

၃၁. နောက်တခုကတော့ Vol buttonပဲဖြစ်ပါတယ်။ တခြားဖုန်းတွေအတိုင်းပါပဲ Vol Upကိုရွေးရင် အသံချဲ့ပေးပြီး Vol Downကို အဆုံးထိသွားရင် Vibrate modeကိုပြောင်းပါတယ်။ ထပ်နှိပ်ရင်တော့ Silent modeကိုထပ်ပြောင်းပါတယ်။ အဲ့ဒါအပြင် Vol Up ဒါမှမဟုတ် Downကိုနှိပ်လို့ပေါ်လာတဲ့ အဝိုင်းလေးကိုဖိလိုက်ရင်တော့ ဘားတန်းလေးနဲ့ထွက်လာပြီး လက်ဖျားလေးနဲ့ အတိုးအချဲ့လိုသလိုရွှေ့လို့ရပါတယ်။
Credit to miuimyanmar.com

No comments