Header Ads

Mi4i No More Softbrick

ကျွန်တော်လည်း အခုမှ rom တင်ရင်းနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပီး ကလိရင်းနဲ့မှ သိရတဲ့အကြောင်းအရာလေး တခုပါ မဝေမျှဘဲနဲ့လည်း မနေနိုင်တဲ့အကျင့်က ပါနေပီမို့ ဝေမျှပေးလိုက်ပါတယ်…
အဲဒါက ဘာလဲဆိုတော့ အားလုံးတိုင်ပတ်နေကြတဲ့ mi4i မှာ twrp ကနေ ota update တင်ရင် fail ဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်… အဲဒီ့အဆင့်ကို အခုချိန်မှာ အဆင်ပြေစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါပီ…
######
တကယ်အရေးကြီးတဲ့နေရာ ကျန်ခဲ့တာ အခုမှ သတိထားမိလို့ ပြန်ဖြည့်ပေးလိုက်ပါတယ်လို့.. ဆောရီးနော်
အရင်ဆုံး updater ကနေ ပေးတဲ့ ota update file ကိုဒေါင်းပါ. ပီးရင် reboot now ဆိုတာကိုမနှိပ်ဘဲနဲ့ home key နှိပ်ပီး ပြန်ထွက်ပါ.
file explorer ထဲကိုဝင်ပီး downloaded-rom ဆိုတဲ့ထဲမှာ သင်ဒေါင်းထားတဲ့ ota file ကိုတွေ့ပါလိမ့်မယ် အဲဒါလေးကို ကူးပီး တခြားဖိုဒါတခုထဲကို ထည့်ပါ.. ပီးမှ အောက်ကအဆင့်တိုင်း ဆက်လုပ်ပါ…
########
ဘယ်လိုလုပ်မလဲဆိုတော့ အရင်ဆုံး မိမိဖုန်းထဲမှာ twrp က ရှိပီးသားဖြစ်နေမယ်ဆိုရင် mi4i stock recovery.img နဲ့ twrp recovery.img ကို အရင်ဆုံးဒေါင်းထားဖို့လိုပါတယ်.. ပီးရင် updater ကနေ reboot to recovery mode နဲ့ပဲ သွားသွား… ပါဝါပိတ်ပီး power+volume up နဲ့သွားသွား twrp recovery ထဲကိုရောက်အောင် သွားပါ.. အကောင်းဆုံးနဲ့ အမြင်ရှင်းတာကတော့ ui မသုံးထားတဲ့ twrp က ပိုရှင်းပါတယ် ကျွန်တော် ပုံလဲ ပြပေးထားပါတယ်.. ပီးရင် twrp ထဲက install ကိုဝင်လိုက်ရင် အောက်ဖက်ဆုံးနားမှာ image ဆိုတာရှိပါတယ် အဲ့ဒီ့ကနေ download လုပ်ထားတဲ့ mi4i stock recovery.img ကိုရွေးပေးလိုက်ပါ သူက boot, recovery ဆိုပီး ရွေးခိုင်းမယ် recovery ကိုရွေးပေးပါ ပီးရင် swipကို ဘေးကိုဆွဲပေးလိုက်ပါ ပီးရင် ဘက်ပြန်ထွက်ပီး install ကိုပြန်သွားပီး ota file တင်ပါ.. ပီးရင် ခုနကနည်းအတိုင်းနဲ့ twrp recovery.img ကိုပြန်တင်ပါ ပီးရင် supersu တင်ပါ ဒါဆိုရင် သင့်ဖုန်းဟာ ota update လုပ်ပီး twrp recovery and supersu သွင်းပီးသားဖြစ်သွားပါပီ.. ဒါဆို နောက်တခါ ota update ကို ဘယ်လိုလုပ်မလဲဆိုတာ သဘောပေါက်လောက်ပါပီ.. fully rom ဒေါင်းရတဲ့ ဒုက္ခကို ဒီပို့လေးနဲ့ အသုံးသတ်လိုက်ပါတယ်….
mi4i stock recovery>>> Download Here
twrp recovery>>>> Download Here
root ရှိပီးသားလူက twrp ကို flashify app သုံးပီး တင်လို့ရပါတယ်.. ဘာမှမရှိတဲ့လူက တင်ချင်တယ်ဆိုရင်တော့ ကွန်ပျူတာကနေ mi4i root toolkit နဲ့ရသလို fastboot ကနေလည်း တင်လို့ရပါတယ်….
အားလုံးအဆင်ပြေကြပါစေ….
t.h.ag
ota ပီး twrp နဲ့ supersu နဲ့ဆိုတော့ ရေမီးအစုံပဲလေ recovery တခါထဲဝင်ပီး အကုန်စုပြုံပီး တခါတည်းလုပ်လိုက် အေးရော.. ခနခန recovery ၀င်လိုက် reboot ပြန်တက်စောင့်လိုက် ပြန်ဝင်ပီး နောက်တခါပြန်လုပ်ရတဲ့ သောကလေး အေးသွားတာပေါ့.. ကွန်ပျူတာလဲ လိုတော့ဘူးလေ root ရဖို့အတွက်.. အရင်ကတည်းက root ပီး twrp တင်ထားမှ နောက်အခါတွေ ကွန်ပျူတာမလိုဘဲ အမြဲတမ်းရနေမှာ..

Credit to Ko Thin Htay Ag

11752392_675928122542496_5244427666856744571_n

No comments