Header Ads

Full Romဘာလဲ OTAဘာလဲ Stableဘာလဲ Versionအကြောင်း

Full Romဘာလဲ OTAဘာလဲ Stableဘာလဲ Versionအကြောင်း

ကျွန်တော်ကတော့ လူပြိန်းမို့ လူပြိန်းနည်းနဲ့မှတ်ပါတယ်။ Full Romဆိုတာ Firmware or Romတစ်ခုလုံးကို ဆိုလိုတာပါ။ ဖုန်းကလိတဲ့သူအတွက် Full Romဒေါင်းထားတာက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ OTA( Over The Air)ဆိုတာက Romတစ်ခုကို Upgradeလုပ်ဖို့အတွက် လိုအပ်တဲ့Fileလေးတွေကိုပဲ Online Updateလုပ်တဲ့သဘောပါ။ အခု ကျွန်တော့ဖုန်းဆိုရင် MIUI5.8.13ကို Full Romဒေါင်းပြီးတင်ထားပါတယ်။ ဒီနေ့ Updateပေးတော့ 5.8.20ဖြစ်ဖို့အတွက် 40MBသာသာလေးပဲရှိတဲ့ OTA updateကိုဆွဲရပါတယ်။ 5.8.20 Full Romကိုသာ ဆွဲတင်ရရင်တော့ MBက ရာချီသွားမယ်ဗျ။ OTA fileကိုလည်း ဒေါင်းပြီးတော့ သိမ်းထားရင် အသုံးဝင်တတ်ပါတယ်။ အတိုချုပ်ပြောရင် Full Romဆိုတာ Romတစ်ခုလုံးကို အစအဆုံးဒေါင်းရလို့ Data ပမာဏ များပါတယ်။ OTAကတော့ လိုအပ်တဲ့ Update Fileလေးတွေပဲဆွဲရလို့ Dataပမာဏနည်းပါတယ်။

OTAကို အပတ်စဉ် ပေးတဲ့အခါတိုင်း Updateမလုပ်ခဲ့မိရင် OTA File Sizeက များနေတတ်ပါတယ်။ OTA File Sizeက Full Romနီးပါးဖြစ်နေရင်တော့ ကျွန်တော်သာဆိုရင် OTAကိုမဒေါင်းတော့ပါဘူး။ Full Romကိုပဲဒေါင်းပြီး အသစ်တင်လိုက်မိမှာပါ။ ကျွန်တော်ပြောနေကျစကားအရဆိုရင် " Dev Romသမားတွေအနေနဲ့ OTAဆိုတာ ထမင်းစားတာနဲ့တူပါတယ်။ ထမင်းကို တစ်လုပ်ချင်းစားတာက အစာကြေတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်ဗျ။ ပန်းကန်လိုက်ထိုးထည့်လိုက်မယ်ဆိုရင်တော့ ခင်ဗျား ပြဿနာတက်ပြီ။ စားပို့နင့်ဖို့သာပြင်ပေတော့။ OTAကလည်း သူပေးတဲ့အချိန်တိုင်း ပုံမှန်လေး Updateလုပ်ပေးနေရင် သိပ်မသိသာပါဘူး။ Updateမလုပ်တဲ့ အပတ်တွေများလာပြီးမှ Updateထလုပ်ရင်တော့ စားပို့နင့်ပါမယ် "

ဒါလည်းပဲ ကျွန်တော် လူပြိန်းလိုမှတ်ထားတာကို ပြောရမှာပဲ။ Stableဆိုတာ Errorကင်းတယ် Updateကတော့ နောက်ကျတယ်။ ကြာတတ်တယ်။ ဖုန်းကလိတာကိုဝါသနာပါတဲ့သူတွေအတွက် Dev Romက အသင့်တော်ဆုံးပဲ။ သောကြာနေ့တိုင်းတော့ Updateပေးတယ်။ Updateမလုပ်ရင်ရောရလားဆိုရင် ရပါတယ်။ ဒါပေမယ့် ပြောင်းလဲဆန်းသစ်မှုတွေ ပါလာတိုင်း ခံစားချင်တယ်ဆိုရင်တော့ အပတ်စဉ်Updateပေးတဲ့ Dev Romကိုပဲ ရွေးလိုက်ပါ။ တစ်ခုခု ထူးခြားတာပါလာတိုင်း Dev Romသမားတွေ အရင်ထိတွေ့ခံစားရတာက အရသာတစ်မျိုးဗျ 

Aung Chin(ကိုချင်း) (Lock King)

========


အသုံးပြုနေတဲ့ ဖုန်းရဲ့ miui version ကိုကြည့်ပီး ဘာ rom တင်ထားလဲဆိုတာကို ခွဲခြားကြမယ်..
redmi 1s/sc, Note 3g အားလုံး stable rom v5 ကို အသုံးပြုထားပါတယ်..
mi3/4 ဆိုရင်တော့….
stable rom version 34, 32, 23 ဆိုရင် v5…… 6.1.2.0 ဆိုရင် v6
note 4g....stable rom 6,14, 15,18,21, 96 အားလုံးသည် v5 china rom
stable rom v22 global rom
stable rom 6.2.1.0, 6.2.2.0 သည် v6
dev rom(4.12.5, 4.11.24, 4.12.12, 4.12.19) အားလုံးသည် v6
ဘယ်မှာကြည့်ရင် သိနိုင်မလဲ…. လွယ်ပါတယ်…
setting>about phone>miui version ဆိုတဲ့နေရာမှာ အနောက်က ဂဏန်းတွေကို ကြည့်ပီး သိနိုင် ခွဲခြားနိုင်ပါတယ်…
အသစ်များအတွက်သာ….
အဆင်ပြေကြပါစေ…
t.h.ag

=========

MIUI version Betaလို့ပါရင် Dev Rom။ Dev Romရဲ့ထိပ်ဆုံးအလုံးက နှစ်(year) နောက်အလုံးလ(month) လ နောက်ဆုံးက ရက်(day) ဥပမာ 5=2015, 8=august, 20=20th

အခုနောက်ပိုင်း dev versionမှာကျတော့ global devနဲ့ china devခွဲရခက်လာပါတယ်။ အဲ့ဒီ့တော့ အလွယ်နည်းက global dev language ဗမာပါပြီး chinaမှာမပါပါဘူး။ နောက်ပြီး chinaမှာ google appsတွေမပါပါဘူး။ global devမှာကျတော့ root accessမပါလာပါဘူး

MIUI version ၄လုံးမြောက်နဲ့ ၅လုံးမြောက်က CNဆိုရင် China Stable Rom။ မဟုတ်ရင် Global Stable Rom

No comments