Header Ads

MIUI History

Credit to Ko Kaung Myat Aung 

MiUi မီယူအိုင်
ကျနော်တို့ နည်းပညာလောက (Tech World) မှာ ဆိုရိုးစကား ရှိပါတယ်။ "တခါ အန်းဒရိုက် အမြဲ အန်းဒရိုက်" (once an android, always android) ပါတဲ့။ အဓိပ္ပါယ်ကတော့ android OS တခါသုံးမိရင် နောက်လဲ Android OS ပဲသုံးကြတယ်ပေါ့။ အခု လောလောဆယ် မှာ ကမ္ဘာ့ မိုဘိုင်းဖုန်း ဈေးကွက်ရဲ့ 70-80% ကို Android OS က ပထမနေရာ ယူပြီး လွှမ်းမိုးထားပါတယ်။ 20% ကတော့ ဒုတိယ ပန်းသီးပေါ့။ Window နဲ့ BlackBerry က သုံး နဲ့ လေး နေရာယူပြီး ကျန်တဲ့ ဈေးကွက်ကိုယူထားပါတယ်။
Android ကို အသုံးများရတဲ့ အကြောင်းတွေကို ပြောမယ်ဆို အများကြီးပါ။ Open Source, NFC (near field Communication), Theme Engine, USB , SD card, Custom ROMs, Android Community ပြောလို့ကုန်မှာကို မဟုတ်ပါဘူး။ ဒီနေ့ ကျနော်ပြောချင်တာကလဲ ဒီအကြောင်းတွေမဟုတ်ပါဘူး။ MiUi လိုခေါ်တဲ့ မီယူအိုင် အကြောင်းကို အဓိက ပြောချင်တာပါ။
Android က Open Source OS ပါ။ ခါတော်မှီအနီးဆုံး ဘာသာပြန်ရမယ်ဆိုရင်တော့ ပွင့်လင်းမြင်သာမှုရှိတဲ့ အသုံးချထိနိးချုပ်မှုစနစ်ပေါ့။ (ပွင့်လင်းမြင်သာမှုက နေရာတိုင်းမှာအရေးကြီးတယ်နော် သဘောပေါက်) အဲလို ဖွင့်ပေးထားတဲ့အတွက်ကြောင့် customization(စိတ်ကြိုက်ပြင်) နဲ့ Tweaks (ကလိစရာ) တွေ လုပ်ထားတဲ့ MiUi, Cyanogen Mod, Pandroid အစရှိတဲ့ Custom OS တွေ အများကြီးထွက်လာတာပါ။
MiUi ကို Xiaomi Technologies (ဆန်စေ့လေး အကြောင်းသပ်သပ်ထပ်ရေးပေးမယ်) က August 16, 2010 မှာ စထုတ်ခဲ့တာပါ။ C, C++, Java Programming Language တွေ သုံးပြီး အစဦးဆုံး MiUi V1 ကို Android 2.2.x Froyo လို့ခေါ်တဲ့ Frozen Yogurt OS ပေါ်အခြေခံ ထုတ်ခဲ့တာပေါ့။ အစ မှာ Chinese Language ပဲ ပါပြီး Google Services တွေလဲ ထည့်မထားခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ တကမ္ဘာလုံးကို ဖြန့်ခဲ့ပြီး အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ( Multiple Language Support, Google Services)

No comments