Header Ads

MIUI ရဲ့ Tips & Tricks

MIUI ရဲ့ Tips & Tricks ကို share ချင်တယ်ဆိုတဲ့ အစ်ကို အစ်မတွေ အတွက် ဒါလေးကို share နိုင်ပါတယ်ခင်ဗျ။
ကိုကြပ်ကလေး ပြောလို့ ရေးထားတာလေးတွေ ပြန်ပေါင်းပြီး ဒီ post လေး ဖြစ်လာအောင် ကြိုးစားလိုက်ရတယ်။ဇာတ်လမ်းအစကတော့ ...
ဆမ်ဆောင်း ဂလက်ဆီသမား အဖြစ် ကိုရီးယားမလေး SII နဲ့ ငြိရင်း ဖြစ်ခဲ့ရတယ်။
ဆက်ပြီး သူ့ အစ်မ Note2 နဲ့ ဇာတ်လမ်းသွယ်ဖြစ်ခဲ့တယ်။ အဲ့လိုနဲ့ တရုတ်မလေး Mi3c က ဘွထဲ ထပ်ဝင်လာရာက အကြောင်းပါပြီး MIUIer ဖြစ်လာရတယ် တမုံ့ …ဒါက နိဒါန်းtongue emoticon
ဘာကြောင့် Mi ရတာလဲ? ဘာတွေ စွဲလန်းနှစ်သက်စရာကောင်းလောက်အောင် ဆွဲဆောင်နေလို့လဲလို့ မေးစရာတွေ ရှိလာပြီ။
MIUI(MI User Interface) က တက်ကြွရွှင်လန်းတဲ့ ကာလာတွေနဲ့ ပုံစံက အမြင်ပိုင်း စမတ်ကျတာကလည်း တစ်ချက်အပါအဝင်ပါ။ တချို့ အခုမှ Mi ဆိုတာ သိတဲ့ သူတွေက MIUI ကို မြင်ရင် အိုင်ဖုန်းနဲ့တူတယ်လို့တော့ မှတ်ချက်ပြုကြတာပဲ။
နောက်ပြီးတော့ social network app တွေ Game တွေကို သတ်သတ် ထည့်သွင်းရတာကလွဲရင် ကျန်တဲ့ လုပ်ဆောင်ချက်တွေရဖို့ third party app တွေ ထပ်ထည့်စရာ မလိုလောက်အောင် ပြည့်စုံတယ်လို့ မြင်မိတယ်။ ဘာတွေလဲဆိုတာ အောက်မှာ လာမယ်။
အဲ့ UI(User Interface) အပြင် တခြားဘာတွေက စွဲမက်စရာ အချက်တွေ ဖြစ်မလဲ ကြည့်ကြည့်ရအောင် …
အကြမ်းဖျင်းတော့ ၂ချက်ပါပဲ
၁။maintenance
၂။privacy protection
ဒီ ၂ချက်ကပဲ တခြား UI တွေနဲ့ သိသိသာသာကွဲပြားသွားစေတာလို့ မြင်ပါတယ်။ တချို့ လုပ်ဆောင်ချက်တွေကို တခြား UI တွေမှာလည်း ရတာတော့ရှိပါတယ်။ ပိုကောင်းတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် MIUI လိုတော့ စုံပလုံစိနေတာမျိုး သိပ်မတွေ့ မိသေးဘူး။ သိရင်လည်း share ပေးကြပါ smile emoticon
ကဲ … စပြောကြည့်တာပေါ့
၁။Maintenance
===========
Maintenance အကြောင်း ပြောရရင် MIUI မှာ built-in ပါတဲ့ Security ကို ချန်ထားလို့ မရဘူး။
သူ့ ထဲမှာ လုပ်ဆောင်ချက် တော်တော်များများကို တွေ့ ရတယ်လေ။
Cleaner, Data usage, Blacklist နဲ့ Virus scan တွေက တကယ်ကို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေပါ။
cleaner
————
ဖုန်းတော်တော်များများ လေးပင်ထိုင်းမှိုင်းလာလို့ ရှင်းကြလင်းကြဖို့  ရှင်းလင်းရေးတွေ သွင်းရတဲ့ ဒုက္ခကလည်း မသေးဘူး။ ပြီးတော့ အဲ့ ရှင်းလင်းရေးတွေ ဒုက္ခပေးလို့ ပဲ Phone app ပျောက်ရတာနဲ့ Message ပို့ မရတော့နဲ့ Setting ပျောက်သွားတာနဲ့ တော်တော် ဇယားကပ်ကြတာ မနည်းဘူး။ ဒီ bulit-in ပါလာတဲ့ cleaner ကတော့ system ကို လုံးဝ ဒုက္ခမပေးတဲ့ အပြင် ကိုယ့် system မှာ built-in ထည့်ထားပေးတော့ ရှင်းလင်းရမယ့်အပိုင်းကို သေချာစွမ်းဆောင်ပေးမယ် ထင်ပါတယ်။
Data usage
——————
Ooredoo တို့ Telenor တို့ ဆို ပမာဏအခြေခံပြီးကောက်ခံတဲ့ အတွက် သုံးရင် သုံးသလောက်ကုန်မယ့်အရေးမှာ ကိုယ်မလိုအပ်ပဲ ဖုန်းက အင်တာနက်ကို သုံးစွဲနေမယ့် ဘေးကနေ ဒီ လုပ်ဆောင်ချက်က ကာကွယ်ပေးမှာပါ။ ဘယ်လို ကာကွယ်ပေးမလဲဆိုတော့ ကိုယ်သုံးစေချင်တဲ့ application တွေကလွဲရင် ကျန်တာတွေကို wifi ရှိမှပဲသုံး ဒါမှမဟုတ် Mobile data ကပဲ သုံး ဒါမှမဟုတ် wifi ရော Mobile internet ရော ၂ခုလုံးမှာ restrict လုပ်ထားခြင်းအားဖြင့် အင်တာနက်ဖွင့်လိုက်ရင်တောင် အင်တာနက်ကို ထိတွေ့ ခွင့်မရပဲ တုတ်တုတ်မလှုပ်နိုင်ဖြစ်နေကြပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်က တခြား ဖုန်းတွေမှာလည်း ပါလို့ သိပ် အထူးဆန်းကြီးတော့ မဟုတ်ပေမယ့် မသိသေးတဲ့သူတွေအတွက် လက်တွေ့ အသုံးချလို့ ရမယ့် အကြောင်းလေး အသိပေးတာပါ။
Blocklist
————
အာရုံလာနောက်လို့ပဲဖြစ်ဖြစ် စိတ်မကြည်လင်တဲ့ အချိန်ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့ ဆက်သွယ်မှုကို မလိုလားတဲ့ အချိန်မှာ ဒီကောင်လေးက တော်တော် အသုံးချလို့ ကောင်းတဲ့ လုပ်ဆောင်ချက်လေးပါ။ တခြား blacklist တွေနဲ့ကွာတာကတော့ built-in ဖြစ်လို့ လားပဲ မသိ block ခံထားရတဲ့ နံပါတ်နဲ့ ဆက်တာနဲ့ ring သံ တစ်ချက် မထောက်ပဲ တန်းပြီး မအားသေးပါရှင် ဆိုတာကြီးက ကျေနပ်ချင်စရာကြီးပါ။
Virus scan
—————
အမှန်တော့ android မှာ ဖုန်းကို တိုက်ရိုက်ထိခိုက်လောက်အောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့ virus မျိုးတော့ မရှိသေးဘူးလို့ သိထားပါတယ်။ ဘာပြောပြော ဒါလေးနဲ့ scan ပြီး ကိုယ့်ဖုန်းမှာ လာ ဖလန်းဖလန်းမယ့် virus application လေးတွေကို စစ်ကြည့်လို့ ရတာပေါ့
Privacy Protection
==============
အရွှေ့ ဇယား … အဖျောက်သမား တွေ သိပ်ကြိုက်မယ့် အကွက်တွေ ပါလာတာ သိပ်ကို မိုက်လွန်းနေပြန်ရော။
Guest mode, Private Message, Private photo နဲ့  application lock တွေကတော့ အနော့်အတွက်တော့ အဓိက ဆွဲဆောင်တဲ့ အချက်တွေပါ။
Guest mode
——————
သူစိမ်းတွေ လက်ထဲ ကိုယ့်ဖုန်းကို မဖြစ်မနေထားခဲ့ရတဲ့ အခါမျိုးမှာတော့ ဒီလုပ်ဆောင်ချက်က ကိုယ့်ရဲ့ personal data တွေ ဖြစ်တဲ့ Photo တွေ Note တွေ incoming call တွေကို ဖျောက်ထားပေးပါလိမ့်မယ်။
Settings >> Security or Privacy >> Privacy Protection>>Guest mode ကို on ပေးလိုက်တာနဲ့ personal data တွေကို ဖျောက်ပေးတဲ့ လုပ်ဆောင်ချက်ကိုရရှိမှာပါ။
ဒီလုပ်ဆောင်ချက်ကို သိနေကြတဲ့ တခြား user တွေ ရန်က password ထားပြီး ထပ်မံကာကွယ်လို့ရပါတယ်။
ဒီမှာ ပြောစရာရှိတာက MIUI မှာ လုပ်ဆောင်ချက်တွေကို ထပ်ဆင့်ကာကွယ်တဲ့အနေနဲ့ password ခတ်လို့ ရပေမယ့် အဲ့ဒီ လုပ်ဆောင်ချက်တွေ အားလုံးရဲ့ password ကို တူညီတဲ့ စံပြု password တစ်ခုအနေနဲ့ အရင် သတ်မှတ်ပေးပြီးမှသာ password ခတ်လို့ ရကြတာပါ။
အဲ့ စံပြု password ကို permissions ဆိုတဲ့ setting ကို အရင် on ပေးပြီးမှ သတ်မှတ်လို့ရပါတယ်။
နောက်တစ်ချက်က application တွေကို lock ခတ်လို့ ရတဲ့ လုပ်ဆောင်ချက်ကိုလည်း စံပြု password နဲ့ ခတ်မှ ခတ်ခွင့်ပေးတာဆိုတာ သိထားစေချင်ပါတယ်။
နို့မို့ဆိုရင် တခြား ဘာ password ခတ်ခတ် ခွင့်ပြုမှာ မဟုတ်ပါဘူး။
ပုံဖော်ကြည့်ကြည့်ပါ။ သူများလက်ထဲ ထည့်ခါနီး Guest mode ကို on ပြီး Password ခတ်ထားလိုက်တဲ့ အနေအထားလေး …
ဘယ်လို ဝင်ကြည့်ကြည့် blank ဖြစ်နေမယ့် Gallery, Message တွေက ကိုယ့်စိတ်ကို လုံခြုံစိတ်ချစေမှာ သေချာပါတယ်။
Lock application
————————
အပေါ်မှာ ပြောခဲ့သလို စံပြု password ကိုpermissions ဆိုတဲ့ setting မှာ
သတ်မှတ်ပေးလိုက်ပြီးရင်တော့ application တွေကို တစ်ခုချင်းဆီ lock လိုက်ချလို့ ရပါပြီ။ လမ်းကြောင်းက Guest mode နဲ့အတူတူပဲမို့ မရေးတော့ပါဘူး။
Private Messaging
—————————
personal ပိုင်းအရဖြစ်ဖြစ် business ပိုင်းအရဖြစ်ဖြစ် message အပြန်အလှန်ဆက်သွယ်ရာမှာ တခြားလူတွေကို မသိစေချင် မမြင်စေချင်တဲ့အခါ သီးသန့် သုံးစွဲရမယ့် လုပ်ဆောင်ချက်တစ်ခုပါ။
ပထမဆုံး messaging ထဲ ၀င်ပါ။ အပေါ်ကနေ အောက်ကို နောက်ခံ background မှာ သော့ခလောက်ပုံလေး အဆုံးအထိပေါ်လာအောင် ဆွဲချပါ(ဆွဲချရာမှာ Messaging ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စထိပြီး ၃ခါ ခပ်ဆတ်ဆတ် ခွေးသွားစိတ် သင်္ကေတနား မရောက်ခင်နေရာထိ ဆွဲချပါ)။
ဒုတိယပုံပါအတိုင်း private messaging ဆိုတဲ့ လျှို့ဝှက်နေရာလေးကို ရောက်သွားပါလိမ့်မယ်။
အဲ့ဒီနေရာရောက်ရင် အောက်က private messaging setting ကိုထိလိုက်ပါ။
setting ထဲရောက်သွားရင် အောက်က Add private number ဆိုတာကို ထိပြီး ကိုယ်ရဲ့ ဖုန်းထဲမှာ မှတ်ထားတဲ့ ဖုန်းနံပါတ် (သို့) ကိုယ့်ဖုန်းထဲမှာ မမှတ်ထားရသေးတဲ့ နံပါတ် အသစ် စသဖြင့် private number တွေကို ရွေးချယ်ထည့်သွင်းပေးထားပြီးရင်ဖြင့် နောက်ပိုင်းမှာ ဒီ private messaging ဆိုတဲ့ နေရာလေးထဲမှာပဲ private number တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်ကြမှာဖြစ်ပါတယ်။
Private Photo
———————
MIUI 6 သမားတွေ Vault application လို ဓာတ်ပုံတွေကို တစ်ပုံချင်း ဒိုင်လျှို ဖွက်ချင်ပါသလား။
စိတ်မလောပါနဲ့။ လာမယ်လေ…
ပထမဆုံး Gallery app ကို ဖွင့်ပါ။
ကိုယ်ဖွက်ချင်တဲ့ ပုံကိုရွေးပြီး select လုပ်ပါ။ပြီးရင် More > Add to hidden album ကိုရွေးပါ။
ပထမဆုံးအကြိမ် ဖွက်တာဖြစ်ရင်တော့ unlock pattern တစ်ခု အရင် သတ်မှတ်ပေးရပါတယ်။ အဲ့ဒီလို သတ်မှတ်ရာမှာ ၂ကြိမ်(ပထမ တစ်ကြိမ် သတ်မှတ်ပေးပြီးသားကို ဒုတိယ တစ်ကြိမ် ပြန် confirm လုပ်တာပါ)သတ်မှတ်ပေးရပါတယ်။
ဒါဆိုရင် ဖွက်ခြင်း အမှု ပြီးမြောက်ပါပြီ။ဖွက်ပြီးရင်ရော ပြန်ဖော်ဖို့ အကြောင်း တစ်နည်းနည်း ပေါ်လာမှာပါ။
ဒါဆို ဘယ်လို လုပ်ကြမလဲ?
ကဲ … ဒီတစ်ခါ ဖြေဆေး ပြန်ပေးပါ့မယ်။
ခုနက ပြောခဲ့တာတွေက ဖွက်နည်းပါ။
ခုပြောပြချင်တာက ဖွက်ထားတာ ပြန်ဖော်တဲ့နည်းပါ။
ပထမဆုံး Gallery app ကို ဖွင့်ပါ။
Mi cloud ဆိုတဲ့ ခေါင်းစဉ်ကို ထိလိုက်ပါ။
ထိပ်အပေါ်နားလောက်ကနေ အောက်ကို ဆွဲချပါ။
Secret album ထဲဝင်ပြီး ဖွက်ထားတာတွေကို ကြည့်နိုင်သလို နေ့စွဲ၊ အမည် နဲ့ အရွယ်အစား အရ ကြိုက်သလိုစီထားနိုင်ပါပြီ။
ကွိစိကွစ Tip & Trick လေးများ
=====================
ဒီနေရာမှာ ရေးရမှာက အပိုင်း ၃ပိုင်းလောက်ဖြစ်နေပါတယ်။
1.Battery
2.Notification
3.Button
4.One-handed mode
5.Widget
6.Setting Widget
7.application Management
8.lock recent application
9.Toggle position
10.Recorder
11.Torch
နံပါတ် 1,2,3 နဲ့ 4 အပိုင်းက on/off လုပ်လိုက်ရုံ ရွေးလိုက်ရုံနဲ့ တန်းအသုံးချလို့ ရတယ်။
နံပါတ် 4,5,6 နဲ့ 7 ကတော့ arrange လုပ်ရမယ့် အပိုင်း
နံပါတ် 8 နဲ 9 ကတော့ အသုံးချဖို့ နည်းနည်းပါးပါး လိုက်လုပ်ရသေးတယ်။
1.Battery
ကိုယ့်ဖုန်းရဲ့ Battery info ကို သိဖို့ Setting>>Additional setting>>battery indicator>>percentage or Graphical or Top bar ဆိုပြီး ကြိုက်တဲ့ ပုံစံနဲ့ battery ဘယ်လောက်ကျန်လဲဆိုတာ ပြလို့ ရပါတယ်။
2.Notification
Notification မှာ ၂ခု on စရာရှိပါတယ်။
Show connection speed နဲ့ Show service provider နဲ့ပါ။
ဖုန်းနဲ့ အင်တာနက်သုံးရင် မြန်မာနိုင်ငံမှာတော့ connection ကြောင့် အ၀ိုင်းလေးလည်နေတာကို ထိုင်ကြည့်နေရပြီး ပေါ်လာနိုး ပေါ်လာနိုး မျှော်နေရင်းအချိန်ကုန်နေရတဲ့ ဒုက္ခတစ်ခုတော့ရှိတယ်မလား။
Xiaomi(ရှောင်းမီ)ရဲ့ Miui 5 နဲ့ Miui 6 မှာ ဒီအခက်အခဲကို အလွယ်တကူသိရှိနိုင်အောင် လုပ်ဆောင်ချက်လေးတစ်ခုပါဝင်ပါတယ်။
ပြောရရင် internet speed indicator သဘောမျိုးပါပဲ။
ဒီလုပ်ဆောင်ချက်လေးကို ရရှိနိုင်အောင်
- Miui 5 သုံးထားတဲ့ Xiaomi(ရှောင်းမီ)တွေမှာတော့ setting>general setting>notification>show connection speed ကို on ရမှာ ဖြစ်ပါတယ်။
- Miui 6 သုံးထားတဲ့ Xiaomi(ရှောင်းမီ)တွေမှာတော့ setting>notification>show connection speed ကို on ရမှာ ဖြစ်ပါတယ်။
on ပြီးသွားရင်တော့ connection အတက်အကျအလိုက် အပေါ်ဆုံး ဖုန်းလိုင်း signal ပြတဲ့ သင်္ကေတ ရှေ့ မှာ ဂဏန်းတန်ဖိုးက ပြောင်းလဲပြသနေပါလိမ့်မယ်။
--------------------------------------------------------
နောက်တစ်ခု service provider name ကို သိရအောင်
- Miui 5 သုံးထားတဲ့ Xiaomi(ရှောင်းမီ)တွေမှာတော့ setting>general setting>Show service provider ကို on ရမှာ ဖြစ်ပါတယ်။
- Miui 6 သုံးထားတဲ့ Xiaomi(ရှောင်းမီ)တွေမှာတော့ setting>notification>Show service provider ကို on ရမှာ ဖြစ်ပါတယ်။
ဒီမှာ ထပ်ကွန့် ချင်ရင် အောက် ကပ်လျက်မှာ Service provider name ကို ကြိုက်တဲ့ နာမည် edit လုပ်လို့် ရပါသေးတယ်။
3.Button
Button မှာ အသုံးချစရာအနေနဲ့ Long press ရယ် wake with volume button ရယ် ရှိပါတယ်။
application တစ်ခုခုဖွင့်ပြီးတိုင်း ပြန်ပိတ်ချင်ရင် ၂ခါ ၃ခါ မက ပိတ်မယ်/မပိတ်ဘူး မေးခွန်းတွေဖြေပြီး back key နဲ့ Exit လုပ်နေရတာကို စိတ်ကုန်စရာ ကောင်းတာအမှန်ပဲ။ Home Key နှိပ်ထွက်ရင် နောက်ကွယ်မှာ application run နေမှာကို လည်း စိုးရသေးတယ်။
ဒါဆို MIUI မှာ ဒီဒုက္ခကို ကျော်လွှားပေးနိုင်မယ့် အကွက်တစ်ကွက်ရှိပါတယ်။
လုပ်ရတာ သိပ်မခက်ပါဘူး။
- MIUI5 မှာဆို setting>>buttons>>Long press navigation buttons ထဲက back မှာ close recent app ဆိုတာကို ရွေးချယ်ပေးပါ။
- MIUI6 မှာဆို setting>>Additonal settings>>buttons>>Long press navigation buttons ထဲက back မှာ close recent app ဆိုတာကို ရွေးချယ်ပေးပါ။
ပြီးရင် ဘယ် application သုံးသုံး Exit လုပ်တော့မယ်ဆိုရင် back button ကိုသာ 3 seconds လောက် ထိထားလိုက်ရင် ဘာမှ မမေးတော့ပဲ Force quit လုပ်သွားမှာပါ။
မှတ်ချက်။ ။ close recent app ဆိုတဲ့ Trigger function ကို ဘယ် Long press navigation buttons မှာမဆို သုံးလို့ ရပါတယ်။ ကျွန်တော်ကတာ့ back button မှာပဲ အသားကျလို့ အဲ့ button မှာပဲ ထားပါတယ်။
ဒီ button ခေါင်းစဉ်အောက်မှာပဲ wake with volume button ဆိုတာ ရှိသေးတယ်။ အဲဒါကို on ပေးလိုက်ရင် MIUI မှာ double tap မပါသေးပေမယ့် power key တစ်ခုတည်းတင်မကပဲ volume key တွေနဲ့ ပါ screen ကို wake လုပ်လို့ ရသွားမှာမို့ power key ညောင်းသွားမှာကို သက်သာသွားစေပါလိမ့်မယ်။
4.One-handed mode
One-handed Operation Mode လို့ သိကြတဲ့ ဒီလုပ်ဆောင်ချက်ကို သုံးချင်ရင်
အလယ်က home button ကနေ ဘယ်ဘက်ဖြစ်ဖြစ် ညာဘက်ဖြစ်ဖြစ် ပွတ်ဆွဲလိုက်ခြင်းအားဖြင့် ပုံပါအတိုင်း မျက်နှာပြင် သေးဝင်သွားတာတွေ့ ရမှာပါ။
နဂိုအတိုင်း screen ပြန်ကျယ်သွားစေချင်ရင်တော့ back button ကနေဖြစ်ဖြစ် recent button ကနေဖြစ်ဖြစ် လားရာပြောင်းပြန် အလယ် home button ထိ ပွတ်ဆွဲပေးရမှာဖြစ်ပါတယ်။ application တွေ စာလုံးတွေ သေးသွားပေမယ့် လက်တစ်ဖက်တည်း သုံးရမယ့်အခြေအနေမျိုးတွေမှာတော့ ဒီလုပ်ဆောင်ချက်လေးက အသုံးဝင်နိုင်မှာပါ။
5.Widget
အမှန်တော့ widget ဆိုတာ ဒီမှာတော့ on/off shortcut ပါပဲ။
ဒီ widget တွေထဲမှာ lock widget က အသုံးတည့်ပဲ။
အနော်ကတော့ Lock widget ကို အောက်ခြေ အလယ်တည့်တည့်မှာ ထားထားလိုက်တယ် …. လက်မနဲ့ လှမ်းတို့ လို့ မှီအောင်လေ။
just one tap နဲ့  screen off အောင် လုပ်ရုံပဲ။
6.Setting Widget
Setting Widget က configuration လုပ်တဲ့နေရာကို shortcut လုပ်ထားတာပါ။
Bluetooth ဆိုလည်း Bluetooth setting ဆီ တိုက်ရိုက် shortcut ပါ။
အသုံးများတဲ့ Widget တွေနဲ့ Setting Widget တွေကို Page တစ်ခုတည်းမှာပဲ စုစည်းထားပြီး access လုပ်တာ လုပ်ငန်းဆောင်တာတွေကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်စေမှာမို့ ကိုယ်အသုံးများတဲ့ဟာကို လက်မနဲ့ အနီးဆုံးအနေအထားမှာ နေရာချပေးပြီး တစ်မျက်နှာ အပြည့် စီထားလိုက်တာ မမှားပါဘူး။
7.application Management
Miui သုံးတဲ့ဖုန်းscreen ပေါ်က app တွေကို တစ်မျက်နှာကနေ တစ်မျက်နှာဘယ်လိုရွှေ့ ကြမလဲ?
Android ဖုန်းတွေမှာတော့ များသောအားဖြင့် app တွေကို တစ်မျက်နှာကနေ တစ်မျက်နှာရွှေ့ချင်ရင် app ပေါ်ဖိထားပြီး တခြား စာမျက်နှာတွေဆီကို တရွတ်တိုက် ဆွဲသွားနေရပါတယ်။
Xiaomi ဖုန်းတွေမှာ လက်၂ချောင်းကို အနည်းငယ်ကားထားတဲ့အနေအထားနဲ့ screen ကို ထိပြီး လက်၂ချောင်းကို အချင်းချင်း ထိတဲ့အနေအထားထိ စုလိုက်ရင် ပုံပါအတိုင်း အောက်မှာ Move apps, Widgets, Wallpaper,Effects အစရှိတဲ့ လုပ်ဆောင်ချက်လေးတွေပေါ်လာမှာ ဖြစ်ပါတယ်။|
အဲ့ဒီအခါ ကိုယ်ရွှေ့ ချင်တဲ့ app တွေကို တို့ထိလိုက်ရင် app တွေက အောက်ခြေကို ရောက်သွားမှာဖြစ်ပြီး ဘေးနားမှာ folder လေးတစ်ခုပါပေါ်နေမှာဖြစ်ပါတယ်။
ကိုယ်ရွှေ့ချင်တဲ့ စာမျက်နှာဆီကို အရင်သွားပြီး အောက်မှာရှိနေတဲ့ app တွေကို ပြန်တို့ထိလိုက်ရုံဖြင့် အောက်ကနေ အပေါ်စာမျက်နှာဆီကို ပြန်ခုန်တက်သွားမှာမို့ ဒီနည်းနဲ့ app တွေကို တစ်မျက်နှာကနေ တစ်မျက်နှာ အလွယ်တကူ ရွှေ့နိုင်မှာ ဖြစ်ပါတယ်။
သွင်းထားတဲ့ application တွေကိုလည်း folder လေးတွေနဲ့ အမျိုးအစားခွဲပြီး ထည့်ထားခြင်းအားဖြင့် စာမျက်နှာ အများကြီး slide လုပ်နေစရာမလိုပဲ ကျစ်ကျစ်လျစ်လျစ် ရှာဖွေနိုင်မှာပါ။
8.lock recent application
ဒါကတော့ ကိုယ်အသုံးများတတ်တဲ့ application တွေကို အလွယ်တကူ အမြန် access လုပ်ပေးလို့ ရအောင်ပါ။
ကိုယ်အသုံးများတဲ့ app ကို recent application tray မှာ သော့ခတ်ပြီးထားခြင်းအားဖြင့် task manager နဲ့ ရှင်းတဲ့အခါ မပါသွားပဲ recent application tray မှာ ကျန်နေခဲ့မှာပါ။
9.Toggle position
notification bar ကို ဆွဲချလိုက်ပြီး ညာကနေ ဘယ်ဘက်ကို slide လိုက်ရင် Toggle လေးတွေတွေ့ ရမှာပါ။
တချို့ က အဲ့မှာ မြင်တဲ့ Toggle လေးတွေပဲ သုံးတတ်ကြပါတယ်။
အမှန် အောက်ကို ဆက်ပြီး slide လုပ်ရင် ကျန်ရှိတဲ့ Toggle တွေကို တွေ့ ပါလိမ့်မယ်။
ဒီမှာပြောချင်တာက အဲ့ Toggle တွေရဲ့ position ကို ပြောင်းလဲလို့ ရတယ်ဆိုတာလေးပါ။
ကိုယ်အသုံးများတဲ့ Toggleအလိုက် အစဉ်အလိုက် လက်လှမ်းမှီနိုင်မယ့် အနေအထားလေး ချိန်ထားလိုက်ရင် သုံးရတာ ပို မြန်ဆန်လာပါလိမ့်မယ်။
လမ်းကြောင်းကတော့ Setting>>Notification>>Toggle position မှာ ၂စက္ကန့်လောက်ဖိပြီး ရွှေ့ ချင်တဲ့ နေရာ ရွှေ့ လိုက်ပါ။
10.Recorder
အသံဖမ်းဖို့  application သတ်သတ် မလိုပါဘူး။
အသံဖမ်းဖို့ လုပ်မယ်ဆိုရင် Auto recording လုပ်စေချင်တာလား ဒါမှမဟုတ် ကိုယ် record လုပ်စေချင်တာ(Manually recording)ကို ကိုယ်တိုင် record လုပ်ပေးမှာလား?
Manually recording
===============
ပထမပုံမှာ ပြထားတာကတော့ ဖုန်းခေါ်တဲ့ အချိန်မှာ စပေါ်တဲ့ အနေအထားပါ(မှတ်ချက်။ ။ပထမပုံက ဥပမာ ပေးဖို့အတွက်သာ...တကယ်တမ်းပုံမှာ button တွေကို speaker, keyboard, tools အစရှိသည့် နာမည်များ တပ်မထားပါ)။
ဒီအနေအထားမှာ record လုပ်ချင်ရင် ညာဘက်က Tools လို့ နာမည်ပေးထားတဲ့ မြှားချွန်ပုံစံလေးကို တို့ လိုက်တာနဲ့ ဒုတိယပုံအနေအထား ရောက်သွားပါလိမ့်မယ်။
ဒုတိယပုံမှာ ပြထားသလိုပဲ မြှားလေး ထိုးပြထားတာက record button ပါ။
ကိုယ် ဖုန်းပြောနေရင်း record လုပ်ဖို့ လိုလာလို့ လုပ်ချင်တယ်ဆိုရင် ဒီ button ကို ထိလိုက်ရမှာပါ။ ဖုန်းချလိုက်တာနဲ့ recording လုပ်တာ အလိုလို ရပ်သွားမှာဖြစ်ပါတယ်။
Auto recording
============
Phone application ကို ဖွင့်ပါ။
Menu button ကို ထိလိုက်ပါ။
Settings.ကို ရွေးပါ။
Record settings ထဲ ၀င်ပါ။
Record automatically ဆိုတာကို on လိုက်ပါ။
ဒါဆိုရင် ဘယ်နံပါတ် ၀င်လာလာ record လုပ်မလား၊ စိတ်ကြိုက် နံပါတ်တွေကို ရွေးပြီး record လုပ်မလားဆိုတာ ကြိုက်ရာရွေးပြီး Auto recording ကို လုပ်ဆောင်နိုင်ပါပြီ။
11.Torch
မီးပျက်တဲ့ အခါမျိုးမှာ Xiaomi(ရှောင်းမီ)ဖုန်းကို ထုတ်ပြီး power button ကို နှိပ်လိုက်ရင် lock screen ကိုရောက်သွားမှာပါ။ Lock screen ရောက်တာနဲ့  home button ပေါ်မှာ 3seconds လောက် ထိထားလိုက်ရင် ဓာတ်မီးပုံလေးပေါ်လာပြီး flash မီး လင်းသွားမှာဖြစ်ပါတယ်။
တခြားဟာတွေလည်း ရှိသေးပေမယ့် version ကွာခြားချက် အရ မရသေးတာတွေ ရှိသေးတာမို့ ခဏ ချန်လှပ်ခဲ့ပါဦးမယ်။
ဒီ Tip & Trick တွေကို ကိုယ်သိသလောက် မသိသေးတဲ့သူတွေကို သိစေချင်တဲ့ ဆန္ဒ ရှိခဲ့လို့ ရေးထားတဲ့ အပိုင်းပိုင်းလေးတွေကို ပြန်စုစည်း အသစ်ရေးတာတွေနဲ့ ပေါင်းပြီး တော်တော့်ကို အားယူပြီးပြန်ရေးထားတာပါ။
MIUI အကြောင်း မသိသေးတဲ့သူတွေ သိသွားပြီး MIUI ကို ပိုအသုံးချတတ်သွားကြရင်ကို ရေးရကျိုးနပ်ပါပြီ။
Teléfono : Mobile House
Ph - 09 44 800 3900, 099 73 123 963
Address - အမှတ် C-5, ပထမထပ်(မှန်လုံ ဓာတ်လှေကားရှေ့ ၊ ဆန်းယဉ်နာရီစတိုးနှင့် မျက်နှာချင်းဆိုင်)၊ ယုဇနပလာဇာ

No comments