Header Ads

Knowledge To MIUIer

MIUI Users များခင်ဗျာ MIUI အနေနဲ့ Bootloader Lock ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ ကန့်သတ်တိုးမြှင့်ခြင်းခံရတာတွေကြောင့် ယခင်ကလောက် အဆင်မပြေတော့ပဲ Advance User တွေအပြင် Technician ကိုယ်တိုင်အတော်လေး ခေါင်းခဲစရာတွေ ဖြစ်ခဲ့ရပါတယ်။
ကမ္ဘာအရပ်ရပ်က MIUI User တွေကလည်း Feedback ပြန်လည်ပေးပို့ခဲ့ကြပါတယ်။ မြန်မာအပါဝင် နိုင်ငံတကာ Fan Site တွေကလည်း မိမိတို့ သက်ဆိုင်ရာ နိုင်ငံအလိုက် MIUI Fan တွေရဲ့ အသံတွေ၊ တုံ့ပြန်မှုတွေကို MIUI တာဝန်ရှိသူများထံရောက်အောင် တင်ပြဆွေးနွေးခဲ့ကြပါတယ်။
သည်ညနေမှာတော့ ကျွန်တော်တို့ Fan Site တွေဆီကို MIUI ကအီးမေးတွေ ပေးပို့ခဲ့ပြီး သူတို့ရဲ့ လက်ရှိအခြေအနေနဲ့ အစီအစဉ်ကို အသေးစိတ် ပြန်လည်ပေးပို့ခဲ့ပါတယ်
MIUI Global Forum မှာ Diamond Member နဲ့အထက် Level ရှိတဲ့ အသုံးပြုသူများနှင့်
Fan Site မှတာဝန်ရှိသူများအပါအဝင် Special Team အားလုံးရဲ့ အဖွဲ့ဝင်များဟာ ရှေ့တစ်ပတ်မှာ Bootloader ကိုဖြေနိုင်ဖို့ တရားဝင်ခွင့်ပြုခြင်းခံရပါလိမ့်မယ်
ဒါပေမယ့် သူတို့ရဲ့အကောင့်တွေနဲ့ Application ကို Submit လုပ်ရမှာပါ။ MIUI က Approve လုပ်ပြီးတာနဲ့ သက်ဆိုင်ရာ အကောင့်ပိုင်ရှင်အနေနဲ့
(1) Unlocking Tool (Eng Version)
(2) Unlocking Site (Eng Version)
(3) New PC Suit (To help bricked phones)
သုံးခုကိုရယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Bootloader Lock အတွက် နောင်တစ်ချိန်မှာ စိုးရိမ်ရန်ပြသနာမရှိကြောင်းနဲ့ Fan Site အဖွဲ့တွေအတွက် အခက်အခဲဖြစ်နေတဲ့ မေးခွန်းအချို့ကိုတော့ Developer Team မှတာဝန်ရှိသူများ ဆွေးနွေးနေပါကြောင်း ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။ ဘာပဲပြောပြော MIUI က ကျွန်တော်တို့ Fan တွေရဲ့အသံကို ပြန်လည်နားထောင်ပေးခဲ့တယ်ဆိုတာတော့ သေချာပါတယ်။
အားလုံးပျော်ရွှင်ပါစေ
MIUI Myanmar Fan Site

https://www.facebook.com/miuimyanmar

No comments