Header Ads

MIUI Myanmar (Official Supply)

Bootloader Locked လုပ်ပြီးနောက် အကောင့် password မသိရင် ROM ပြန်တင်သည့်တိုင် ရှေ့ဆက်မရတဲ့ပြသနာတွေ ရှိဆဲပါ။
အထူးတက်တဲ့ပြသနာက ဝယ်ယူချိန်မှာ ဆိုင်တွေက သူတို့အကောင့်တွေထည့်လိုက်ပါတယ် မေ့ပြီးပြန်မဖယ်မိတဲ့အခါ ကိုယ်ကလည်း password မသိ ဆိုင်ကိုပြန်သွားဖို့လည်း အခြေအနေ မပေး ဆိုရင် ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ တော်တော်လေးကို ဆိုးရွားပါတယ်။
ဆိုင်တွေအနေနဲ့လည်း အရင်လိုမဟုတ်တဲ့အတွက် End User တွေကိုထောက်ထားသော အားဖြင့် သတိပြုစေချင်ပါတယ်။
အခုမှ MIUI စတင်အသုံးပြုမယ့်သူတွေနဲ့ အကောင့်မရှိသေးတဲ့ သူတွေအတွက် Mi အကောင့်တွေကို ကျွန်တော်တို့ Page ကနေ အခမဲ့ဖွင့်ပေးပါ့မယ်။ သင်တို့မှာ ကိုယ်တိုင်ဝင်ရောက်လို့ရတဲ့ အီးမေး အကောင့်တစ်ခုရှိထားဖို့တော့လိုအပ်ပါတယ်။
miuimyanmarfan@gmail.com သို့ ကိုယ့်ရဲ့ Email ဖုန်းနံပါတ် ဖွင့်လိုတဲ့ User Name ပေးပို့နိုင်ပါတယ်။
(၁) အချက်အလက်လုံခြုံမှုအတွက် ဂရုစိုက်ဆောင်ရွက်သည်
(၂) အခမဲ့ဖြစ်သည်
(၃) နာရီအနည်းငယ် သို့မဟုတ် အခြေအနေပေါ်မူတည်၍ အချိန်ယူနိုင်မည်
(၄) အကောင့်ဖွင့်ဖို့ ခက်ခဲနေသူများအတွက်သာ
(၅) Recovery mail, password နှင့် အခြားအချက်အလက်များ မိမိစိတ်တိုင်းကျ ပြန်လည် ပြောင်းယူပါ
(၆) အကောင့်ရရှိပါက ဖုန်းဖြင့်ဆက်သွယ်အသိပေးပါမည်။
(၇) မေးတစ်ခုလျင် အကောင့်တစ်ခုစာသာ ပေးပို့ပါရန်

Credit to MIUI Myanmar (Official)

https://www.facebook.com/miuimyanmar

No comments