Header Ads

Mi5s and Mi5s Plus ထွက်ရှိ

ကဲ Mi 5s ရယ် 5s Plus ရယ်ထွက်လာပီ ပုံကတော့ သတင်းဦးဖတ်ရအောင် ပြန် Share ပေးလိုက်ပါတယ်

ကဲ Mi 5 တွေ ရောင်းလိုက်ကြရအောင် ဗျာတို့ရေ :P

Mi5 မှာ သုံးစွဲခဲ့တဲ့ 3D Glass body သို့မဟုတ် Ceramic body များကို သုံးစွဲခဲ့သော်ငြားလည်း ယခုမိတ်ဆက်လိုက်တဲ့ Mi5S မှာတော့ Full Metal Body ကို အစားထိုးအသုံးပြုလိုက်ပါတယ်။ အကြောင်းရင်းကတော့ Metal body ကို အသုံးပြုလိုက်ခြင်းဖြင့် အလုံးအရင်းထုတ်လုပ်ရန်လိုအပ်လာချိန်တွင် Ceramic body ကဲ့သို့ ကုန်ကြမ်းရှာဖွေရာ၌ အခက်အခဲဖြစ်ပေါ်စေမည်မဟုတ်တော့ခြင်းကြောင့်ပင်ဖြစ်ပါတယ်။

#Colour
Mi5S ကို အရောင်လေးမျိုးဖြင့် ရရှိနိုင်မှာပါ ဘယ်လိုအရောင်တွေလဲဆိုတော့
1. Dark Gray
2. Gold
3. Silver and
4. Rose Gold
Mi5S မှာ Curve ဒီဇိုင်းကို Xiaomi က ထည့်သွင်းအသုံးပြုထားပြီး ယခင် Mi5 ထက် ကိုင်တွယ်အသုံးပြုရာတွင် ပိုမိုချောမွေ့သည့်အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။ ရှေ့ဘက် Display မှာတော့ 2.5D glass ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

#Hardware
Xiaomi အနေနဲ့ စွမ်းဆောင်ရည်မြင့်မားသည့် Snapdragon 820 CPU ကို ယခင်ထွက်ရှိခဲ့သည့် Mi5 flagship တွင်ထည့်သွင်းပေးခဲ့ပြီး ယင်း CPU အားအဆင့်မြှင့်တင်ထားသည့် Snapdragon 821 Processor ကို internal storage 64/128GB နှင့်ပေါင်းစပ်ကာ Mi5S တွင် ထည့်သွင်းပေးလိုက်ပါပြီ။ Mi5S တွင် ပါဝင်မည့် RAM ပမာဏကတော့ 4GB ဖြစ်မယ်လို့ ယူဆရပါတယ်။

#Display
Xiaomi အနေနဲ့ Mi5S မှာ 600nit အလင်းအားရှိသည့် 5.15" Display ကိုထည့်သွင်းပေးထားပြီး အဆိုပါ Display ၏ ထူးခြားချက်မှာ 3D touch ကဲ့သို့ ဖိအားအာရုံခံနိုင်စွမ်းရှိခြင်းပင်ဖြစ်ပါတယ်။

#World's first #Underglass_ultrasonic_fingerprint_sensor
အထက်မှာဖော်ပြခဲ့တဲ့ Spec တွေထက် ပိုမိုထူးခြားတာကတော့ Mi5S မှာ ကမ္ဘာ့ပထမဆုံးမှန်သားအောက်တွင်ထည့်သွင်းတပ်ဆင်သည့် Ultrasonic နည်းပညာသုံး လက်ဗွေရာစစ်ဆေးမှုစနစ်ကို ထည့်သွင်းအသုံးပြုလိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါ Fingerprint sensor ကို Mi5S ၏မှန်သားမျက်နှာပြင်အောက်တွင် ထည့်သွင်းတပ်ဆင်ပေးထားပြီး အခြားလက်ဗွေစစ်ဆေးမှုစနစ်များနှင့်မတူပဲ လက်ဗွေရာများကို 3D sensor ဖြင့် ပိုမိုတိကျမြန်ဆန်စွာ စစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

#Camera
Mi5S မှာထည့်သွင်းထားတဲ့ကင်မရာကတော့ Sony IMX378 1/2.3″ 1.55um sensor ကိုထည့်သွင်းပေးထားပြီး ယင်းကင်မရာဟာ iPhone 6S Plus တွင် တပ်ဆင်ထားသည့် Rear camera ၏ Sensor ထက် 61% ပိုမိုကြီးမားသည့်အတွက် ညဘက်

ဓာတ်ပုံရိုက်ကူးရာတွင် ပိုမိုအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ သို့သော် Mi5S ၏ကျောဘက်ကင်မရာမှာ Single Camera Module ဖြစ်ပြီး Mi5S Plus တွင်သာ Dual camera ကင်မရာနှစ်လုံးပါဝင်မည်ဖြစ်ပါတယ်။
Mi5S ရဲ့ကင်မရာအရည်အသွေးနဲ့ပတ်သက်ပြီး CEO Lei Jun က iPhone 6S Plus , Samsung Galaxy S7 Edge တို့ရဲ့ကင်မရာများနဲ့နှိုင်းယှဉ်ပြသသွားခဲ့ပါတယ်။

#Features
အခြား features တွေအနေနဲ့ကတော့ Mi5S မှာ NFC နှင့် 4G+ ကဲ့သို့ features တွေပါဝင်လာခဲ့ပါတယ်။

#Prices
ဈေးနှုန်းအနေနဲ့ကတော့ 64GB version ကို $300 နဲ့၎င်း 128GB version ကို $345 ဖြင့်၎င်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Credit to Original
Photo en.miui.com


No comments