ဒီကောင်လေးက miui forum ထဲမှာ တင်ပေးထားတဲ့ theme font(.mtz) လုပ်ပေးတဲ့ ဟာလေးပါ.. သူ့ကိုသုံးလိုက်ရင် ဘာထူးလာမလဲ..
china rom, dev rom အတော်များများနဲ့ အတော်များများဖုန်းတွေမှာ အဆင်ပြေပါတယ်.
global rom တွေဆိုရင်တော့ xposed နဲ့ theme modules တွေလိုအပ်ပါမယ်. ထူးဆန်းစွာနဲ့ ကျွန်တော့်ရဲ့ mi4i မှာတော့ ဘယ် rom ပဲသုံးသုံး ရနေပါတယ်..
လုပ်ပုံလုပ်နည်းကတော့ သူ့ကို အင်စတောလုပ်ပါ ပီးရင် အဲဒီ့ထဲကို ၀င်လိုက်ရင်..
title
author
designer
version
Ui version
Pick font
create MTZ
ဆိုတဲ့ စာသားတွေ မြင်ရပါမယ်......
ဘယ်လိုသုံးမလဲ..
အဆင်ပြေသလို ကြိုက်နှစ်သက်ရာထည့်လို့ရပါတယ်..
ဥပမာအနေနဲ့ဆိုရင်တော့..
title mi mm font
author t.h.ag
designer t.h.ag
version 1.0
Ui version v5 or v6
Pick font ကိုယ်သွင်းချင်တဲ့ ဖောင့်(ttf) ကို ရွေးပေးရပါမယ်.. ကိုယ်ဒေါင်းထားတဲ့ မြန်မာဖောင့်တခုခုကို ထည့်ပေးပါ...
create MTZ ဒီဗားတန်းလေးကို နှိပ်လိုက်ရင် mtz file ဖြစ်သွားပီပေါ့..
ဘယ်ထဲကိုရောက်သွားတာလဲဆိုတာကို သိဖို့တော့ လိုပါတယ်
file explorer>miui>font>font2mtz ဆိုတဲ့ ဖိုဒါထဲကို ရောက်သွားပါပီ
ဒီထဲက ဖိုင်ကို copy လုပ်ပီး တခြားနေရာတခုမှာ paste လုပ်ပါ... ဘာလို့လဲဆိုတော့ သိကြတဲ့အတိုင်း mtz တွေက theme ထဲကိုထည့်လိုက်တာနဲ့ ပျောက်သွားလို့ ပြန်ရှာမရတော့လိုပါ.
အိုကေ
ပီးသွားရင် theme>local(offiline)>import from sd card ကနေ ခုနက လုပ်ထားတဲ့ ဖိုင်လေးကို သွင်းလိုက်ပီးရင် font ကနေ apply လုပ်ပေးလိုက်ရင် သင့်ဖုန်းလေးမှာ သင်လုပ်ထားတဲ့ theme ဖိုင်လေးနဲ့ လန်းနေပါပီ........ :p
(mi account)တော့ theme font သုံးဖို့လိုပါတယ်..
နည်းဟောင်းဆိုပေမယ့်လို့ အရင်က တင်ပေးဖူးတာက သေချာ ဒီလိုမျိုး ရှင်းမပြထားတော့ အဆင်မပြေသေးတဲ့လူတွေနဲ့ အခုမှ mi ဖုန်းကို စသုံးပီး ကလိချင်သူများအတွက် သိထားသမျှလေးကို လက်ဆင့်ကမ်းပေးလိုက်ပါတယ်....
mi designer account ရှိသူများကတော့ ကိုယ်လုပ်ထားတဲ့ဖောင့်ကို miui market ပေါ်တင်နိုင်ခဲ့ရင်တော့ ကျန်တဲ့လူတွေပါ roboto zawgyi ကို သုံးလို့ရသလိုမျိုး အဆင်ပြေနိုင်ပါလိမ့်မယ်
အားလုံးအဆင်ပြေကြပါစေ..
t.h.ag
Credit to Ko Tin Htay Ag
Post a Comment