Android 4.2,4.4,50xxMyanmar Font
- Tin Htay Ag 1. သုံးနေတဲ့ဖုန်းက android version 4.2, 4.4 ဖြစ်ခဲ့မယ်
miui version က dev or china rom ဖြစ်မယ်ဆိုရင်.....
(dev rom ဆိုတာ miui version ဆိုတဲ့နောက်မှာ beta ဆိုတာပါတယ်...
stable rom တွေကိုတော့ miui version ရဲ့ စာလုံးတွေထဲမှာ ဥပမာ.. kdcn…..(cn ပါရင် တရုတ်ပေါ့)၊ kdmi…..(mi ပါရင် global)ပါ…….
>> mi acc ရယ်
>> internet ရယ် ရှိမယ်ဆိုရင် မြန်မာစာဖောင့်ကို theme ဆိုတဲ့ application ကနေ၀င်ပီးရင် customize ဆိုတဲ့နေရာကိုရွေးပေးရမယ် တရုတ်လိုစာတွေပေါ်နေရင် တတိယမြောက် အစိမ်းရောင်ပုံလေးပါ..အဲ့မှာ font ဆိုတာရှိတယ်....
search box မှာ zawgyi ဆိုတာ ရိုက်ထည့်လိုက်တာနဲ့ roboto zawgyi ဆိုတာ မြင်ရမယ် download လုပ်ပီး apply လုပ်လိုက်ရင် သင့်ဖုန်းဟာ ဇော်ဂျီကို အမှန်မြင်ရပါပီ... ဒါပေမယ့် android 4.4 ဆိုရင်တော့ စာလုံးတွေ ကပ်နေမှာပါ.
>>>>>>>>>>>
2. သူကလည်း အပေါ်ကနဲ့ အတူတူပါပဲ ကွာသွားတာက အပြင်က ဒေါင်းထားတဲ့ .mtz လို့ခေါ်တဲ့ theme font ကို ဖုန်းထဲကိုထည့်ပါ ပီးရင် theme>offline>import from sd card>down ထားတဲ့ xxxx.mtz ဖိုင်ကိုရွေးပေးလိုက်ပါ..
ဒီနေရာမှာ theme ထဲမှာ customize ပါတဲ့လူက အဆင်ပြေတယ် အဲ့ထဲကနေ font ကိုသွားပီး offline မှာ မိမိဒေါင်းထားတဲ့ ဖောင့်ကို တွေ့မယ် apply လုပ်ပေးလိုက်ရုံပါပဲ... miui7 သမားတွေကျတော့ customize ဆိုတာ မပါဘဲ wallpaper ဆိုတာကြီးနဲ့ အစားထိုးလိုက်ပီမို့ ph setting>system font>offline ကနေ အစောနက အင်စတောလုပ်ထားတဲ့ ဖောင့်ကို apply လုပ် .. ပီးရင် reboot now ပေါ်မယ် လုပ်ပေးလိုက်ပါ ပြန်တက်လာရင် မြန်မာ(ဇော်ဂျီ)စာမြင်ရပါပီ... ဖုန်းတိုင်းတော့ ရချင်မှ ရပါမယ် ဒီနည်းလမ်းက ကြိုပီး ပြောထားပါရစေ.. ဖောင့်အဆင်သင့်မရှိဘူးဆိုရင် အောက်ဆုံးမှာ လင့်ပေးထားပါတယ်..
>>>>>>>>>>>>>>>>>>>
Tin Htay Ag 3. သုံးနေတဲ့ဖုန်းက miui global rom ဖြစ်နေမယ်.
official lollipop(android version 5.0 above) ဖြစ်နေမယ် ဆိုရင်တော့ အပေါ်ကနည်းနဲ့ ဇော်ဂျီကို ရှာမရနိုင်ပါဘူး ဒီတော့ အခုပြောမယ့် ဒုတိယနည်းကို အသုံးပြုရပါမယ်...
>> mi acc ရယ်
>> internet ရယ် ရှိမယ်ဆိုရင် မြန်မာစာဖောင့်ကို theme ဆိုတဲ့ application ကနေ၀င်ပီးရင် customize ဆိုတဲ့နေရာကိုရွေးပေးရမယ် တရုတ်လိုစာတွေပေါ်နေရင် တတိယမြောက် အစိမ်းရောင်ပုံလေးပါ..အဲ့မှာ font ဆိုတာရှိတယ်.. အဲ့ဒီကနေ free font တခုကို download လုပ်ရပါမယ်. ပီးရင် apply မလုပ်ခင် theme ကနေ ပြန်ထွက်ပါ.
ပီးရင် ဒီအဆင့်လေးတွေ လုပ်ရပါမယ်...
နည်းနည်းရှုပ်နိုင်ပါတယ် အရင်က အကိုတွေ jpg လုပ်ပီး တင်ပေးထားဖူးပါတယ်...
file explorer > miui > theme > data > content > font
ကိုယ့်ဖုန်းထဲမှာ ကိုယ်သုံးချင်တဲ့ ဖောင့်စတိုင်လေးကို အရင်ဆုံးဒေါင်းထားဖို့လိုပါမယ်......
အရင်ဆုံး file explorer ကို ၀င်ပါ
miui folder ကိုဝင်ပါ
အထဲမှာ ဘာမှမတွေ့ဘူးဆိုရင် ဒီတိုင်းလေး နှိပ်ပေးပါ..
folder တွေကိုတခုချင်းစီ ၀င်တဲ့အချိန်မှာ ဖိုဒါထဲမှာ ဘာမှမပေါ်ဘူးဖြစ်နေရင် screen အပေါ်ညာဘက်ဆုံးက အစက်လေးသုံးစက်(menu )နှိပ်လိုက်ပီး show hidden file ဆိုတာကိုရွေးပေးပါ.. အထူးသဖြင့် miui folder ထဲကို ၀င်ချိန်မှာ မမြင်ရဘဲ ဖြစ်တတ်ပါတယ်....
theme ဆိုတဲ့ဟာကို ထပ်ဝင်ပါ. data ကိုဝင်ပီး အထဲမှာ content folder ထဲကို ထပ်ဝင်ပေးလိုက်တာနဲ့ သင်ဒေါင်း free font က font folder ထဲမှာ မြင်ရပါပီ..
ဒါပေမယ့် သင်မြင်တွေ့နေကြ .ttf ဆိုတဲ့ဖိုင် မဟုတ်လေတော့ အနည်းငယ်စဉ်းစားရ ခက်ပါမယ်...
အဲဒီ့ဖောင့်ကို ဖိလိုက်ရင် အောက်ဘက်မှာ copy, cut,xxxx, more ဆိုတာတွေ့မယ်. copy လုပ်ပီး သင်ဘယ်ထဲကို paste လုပ်ပါ..(အလွယ်ဆုံးဆိုရင်တော့ download folder ထဲကို ကူးမယ်ပေါ့ဗျာ) back key နှိပ်ပီး ပြန်ထွက်ပါ မဟုတ်ရင် copy လုပ်ထားတာကို paste လုပ်လို့မရ ဖြစ်တတ်တယ်...(ဒီအဆင့်မှာ အတော်များများ နားလည်မှူလွဲနေတာ တွေ့ရလို့ သေချာ ရှည်ရှည်လေး ပြောရတာပါ...
အိုကေ paste လုပ်ထားတဲ့ ဖိုင်မှာ စာလုံးတွေက အရှည်ကြီး (eg. becxxxxxxxxxxxxxxx.mrc) ခနမေ့ထားလိုက်..
အဲဒီ့ becxxxxxxxxx.mrc ဆိုတဲ့ဖိုင်ကိုထောက်ပီး more>rename ဆိုတဲ့ထဲကနေ အစကနေ အဆုံး copy ကူးပါ (အနောက်က .mrc)ပါ ပါရပါမယ်. ပီးရင် ဒီဟာကို အပီးဖျက်လိုက်လို့(delete)လုပ်လိုက်ပါ.
ပီးရင် ကိုယ်သုံးချင်တဲ့ ဖောင့်စတိုင်လေးကို rename ရွေးပီး ခုနက ကော်ပီလုပ်ထားတဲ့ becxxxx.mrc ဆိုတဲ့စာသားကို paste လုပ်လိုက်ပါ.
အိုကေပီလား ဒါဆို အပေါ်က ပြောခဲ့သလို file explorer > miui > theme > data > content > font ပြန်သွားပီး အဲ့မှာတွေ့တဲ့ကောင်ကို ဖျက်လိုက်ပီး အခုနာမည်ပြောင်းထားတဲ့ ဖိုင်လေးကို paste လုပ်ပေးပါ.
ပီးရင် နောက်ဆုံးအဆင့် theme app ကိုပြန်သွားပီး font>offline မှာ ဒေါင်းထားတဲ့ ဖောင့်ကို apply လုပ်ပေးလိုက်ပါ. reboot now ဆိုရင် ရဲရဲသာပေးလိုက် reboot ကျပီး ပြန်တက်လာရင် သင်နာမည်ပြောင်းပီးသုံးထားတဲ့ ဇော်ဂျီဖောင့်လေးနဲ့ သင့်ဖုန်းဟာ လန်းလန်းထနေပါပီ.
တခုဖြစ်တတ်တာက ဒီနည်းကို အသုံးပြုခဲ့မယ်ဆိုရင် …….
သင်ဟာ power off, restart လုပ်တဲ့အခေါက်တိုင်း မြန်မာစာ unicode ပြန်ဖြစ်သွားရင် theme>font ကနေ apply ပြန်နှိပ်ပေးဖို့ပဲဆိုတာကို အကြံပြုရင်း ဘယ်လောက်ပဲ ဗားရှင်းအသစ်တွေ တင်တင် ….
ပီးရင် theme>font ကို apply ပြန်လုပ်ပေးလိုက်ရုံပဲ ဆိုတာကို ပြောရင်းနဲ့ ရှည်ခဲ့သမျှသော စကားလုံးများအားလုံးကို နိဂုံးချုပ်လိုက်ပါတယ်...
theme font download link>>>>> https://my.pcloud.com/publink/show...
အားလုံးအဆင်ပြေကြပါစေ…..
t.h.ag

Credit to Ko Tin Htay Ag
Post a Comment