Header Ads

MI Stock Recovery ဖြင့် Rom တင်နည်း

Mi Stock Recovery 

 နှင့် Rom တင်နည်း
Credit to : Ko Tin Htay Ag

recovery ကနေ တင်တဲ့နည်းပါ.. mi recovery သုံးထားပါတယ်…အသုံးပြုရတာ လွယ်တယ်…. ခက်တာက external sd card ကဟာကို recovery ကနေ flash လို့ မရဘဲ sd card ထဲမှာပဲ update.zip  လို့ ဖိုင်နာမည်ပြောင်းပီး install update.zip from sdcard ဆိုပီး သုံးလို့ရတယ်…..
(နာမည်က အကုန်အသေးတွေဖြစ်ရပါမယ်။ ပြီးရင် internal storageအောက်တည့်တည့် ပုံထဲမှာပြထားသလိုထည့်ရပါတယ်)
update_zip

Recovery rom ကို ကိုယ်နဲ့ဆိုင်ရာဖုန်းအတွက် ဒီကနေယူနိုင်ပါတယ်။
စစချင်း ဘာနဲ့ recovery mode သွားမလဲ…
1.Updater>reboot to recovery mode
updater appကိုရှာပါ။
updater


အထဲကိုဝင်လိုက်ပြီး အစက်သုံးစက်ကိုနှိပ်ရပါတယ်။
threedot
အဲ့ဒါဆို အောက်ကလို menuလေးပေါ်လာတဲ့အထဲကမှ Reboot to Recoveryကို နှိပ်ပါ။
reboottorecover
2.power+volum up
(ph model အလိုက် volum up/down ကွာသောကြောင့် မိမိဖုန်းနဲ့အဆင်ပြေတာကို နှိပ်စေချင်ပါတယ်…. အပေါ်အောက် ဆင်းဖို့ အသံအတိုးအကျယ် ခလုတ်သုံးပီး enter အတွက် power ခလုတ်ကို သုံးသည်)
အရင်ဆုံး ပေါ်လာရင် တရုတ်စာ နှစ်ကြောင်းနဲ့ အဂ်လိပ်တကြောင်း….. အင်္ဂလိပ်ကိုရွေး…..
recovery1
အထဲရောက်ရင် reboot now, wipe, install update.zip from sdcard, back main menu…. စသဖြင့် ကိုယ်အသုံး ပြုလိုတာကို ရွေးပီး သွားနိုင်ပါတယ်……
recovery2
အဲ့ဒီ့ထဲကမှ Wipe ထဲမှာ…. wipe cache, wipe user data, wipe all data….. 3ခု ရှိပါတယ်.  widpe cache, wipe user dataအစဉ်လိုက်ရှင်းပါ။ dataတွေပါကုန်မှာ သတိချပ်ပါ။ (china – global or global-china  ပြောင်းမယ်ဆို wide all dataအထိပါလုပ်ပေးပါ။ wide all dataလုပ်ရင် အပေါ်မှာထည့်ထားတဲ့ rom update.zip ပါပျောက်လို့ အရင်ဆုံး rom zipကို ကွန်ပြူတာထဲဖြစ်ဖြစ် sd cardထဲဖြစ်ဖြစ်ထည့်ထားပါ။ wide all dataလုပ်ပြီးမှ internal storageထဲပြန်ထည့်ပြီး recoveryထဲပြန်ဝင်ပြီး အောက်အဆင့်ပြန်လုပ်ပါ။ )
recovery3
အကုန်ရှင်းပြီးရင်ဖြင့်
install update.zip ကိုနှိပ်ပါ…
recovery4

နောက်Yesကိုနှိပ်လိုက်ရင် သူ့ဘာသာ installလုပ်သွားပါလိမ့်မယ်။
recovery5
၁၀၀%ရောက်ရင် ok ပေါ်လာရင် ပြန်ထွက်..
reboot now လေး နှိပ်ပီး ပြန်သွားလို့ရပီ….
အဆင်ပြေပါပီ…
T.h.ag
ပြီးရင် မြန်မာစာ ဘယ်လိုထည့်မလဲ
1. သုံးနေတဲ့ဖုန်းက android version 4.2, 4.4 ဖြစ်ခဲ့မယ်
miui version က dev or china rom ဖြစ်မယ်ဆိုရင်…..
(dev rom ဆိုတာ miui version ဆိုတဲ့နောက်မှာ beta ဆိုတာပါတယ်…
stable rom တွေကိုတော့ miui version ရဲ့ စာလုံးတွေထဲမှာ ဥပမာ.. kdcn…..(cn ပါရင် တရုတ်ပေါ့)၊ kdmi…..(mi ပါရင် global)ပါ…….
>> mi acc ရယ်
>> internet ရယ် ရှိမယ်ဆိုရင် မြန်မာစာဖောင့်ကို theme ဆိုတဲ့ application ကနေ၀င်ပီးရင် customize ဆိုတဲ့နေရာကိုရွေးပေးရမယ် တရုတ်လိုစာတွေပေါ်နေရင် တတိယမြောက် အစိမ်းရောင်ပုံလေးပါ..အဲ့မှာ font ဆိုတာရှိတယ်….
search box မှာ zawgyi ဆိုတာ ရိုက်ထည့်လိုက်တာနဲ့ roboto zawgyi ဆိုတာ မြင်ရမယ် download လုပ်ပီး apply လုပ်လိုက်ရင် သင့်ဖုန်းဟာ ဇော်ဂျီကို အမှန်မြင်ရပါပီ… ဒါပေမယ့် android 4.4 ဆိုရင်တော့ စာလုံးတွေ ကပ်နေမှာပါ.
>>>>>>>>>>>>>>>>>>>
2. သုံးနေတဲ့ဖုန်းက miui global rom ဖြစ်နေမယ်.
official lollipop(android version 5.0 above) ဖြစ်နေမယ် ဆိုရင်တော့ အပေါ်ကနည်းနဲ့ ဇော်ဂျီကို ရှာမရနိုင်ပါဘူး ဒီတော့ အခုပြောမယ့် ဒုတိယနည်းကို အသုံးပြုရပါမယ်…
>> mi acc ရယ်
>> internet ရယ် ရှိမယ်ဆိုရင် မြန်မာစာဖောင့်ကို theme ဆိုတဲ့ application ကနေ၀င်ပီးရင် customize ဆိုတဲ့နေရာကိုရွေးပေးရမယ် တရုတ်လိုစာတွေပေါ်နေရင် တတိယမြောက် အစိမ်းရောင်ပုံလေးပါ..အဲ့မှာ font ဆိုတာရှိတယ်.. အဲ့ဒီကနေ free font တခုကို download လုပ်ရပါမယ်. ပီးရင် apply မလုပ်ခင် theme ကနေ ပြန်ထွက်ပါ.
ပီးရင် ဒီအဆင့်လေးတွေ လုပ်ရပါမယ်…
နည်းနည်းရှုပ်နိုင်ပါတယ် အရင်က အကိုတွေ jpg လုပ်ပီး တင်ပေးထားဖူးပါတယ်…
file explorer > miui > theme > data > content > font
ကိုယ့်ဖုန်းထဲမှာ ကိုယ်သုံးချင်တဲ့ ဖောင့်စတိုင်လေးကို အရင်ဆုံးဒေါင်းထားဖို့လိုပါမယ်……
အရင်ဆုံး file explorer ကို ၀င်ပါ
miui folder ကိုဝင်ပါ
အထဲမှာ ဘာမှမတွေ့ဘူးဆိုရင် ဒီတိုင်းလေး နှိပ်ပေးပါ..
folder တွေကိုတခုချင်းစီ ၀င်တဲ့အချိန်မှာ ဖိုဒါထဲမှာ ဘာမှမပေါ်ဘူးဖြစ်နေရင် screen အပေါ်ညာဘက်ဆုံးက အစက်လေးသုံးစက်(menu )နှိပ်လိုက်ပီး show hidden file ဆိုတာကိုရွေးပေးပါ.. အထူးသဖြင့် miui folder ထဲကို ၀င်ချိန်မှာ မမြင်ရဘဲ ဖြစ်တတ်ပါတယ်….
theme ဆိုတဲ့ဟာကို ထပ်ဝင်ပါ. data ကိုဝင်ပီး အထဲမှာ content folder ထဲကို ထပ်ဝင်ပေးလိုက်တာနဲ့ သင်ဒေါင်း free font က font folder ထဲမှာ မြင်ရပါပီ..
ဒါပေမယ့် သင်မြင်တွေ့နေကြ .ttf ဆိုတဲ့ဖိုင် မဟုတ်လေတော့ အနည်းငယ်စဉ်းစားရ ခက်ပါမယ်…
အဲဒီ့ဖောင့်ကို ဖိလိုက်ရင် အောက်ဘက်မှာ copy, cut,xxxx, more ဆိုတာတွေ့မယ်. copy လုပ်ပီး သင်ဘယ်ထဲကို paste လုပ်ပါ..(အလွယ်ဆုံးဆိုရင်တော့ download folder ထဲကို ကူးမယ်ပေါ့ဗျာ) back key နှိပ်ပီး ပြန်ထွက်ပါ မဟုတ်ရင် copy လုပ်ထားတာကို paste လုပ်လို့မရ ဖြစ်တတ်တယ်…(ဒီအဆင့်မှာ အတော်များများ နားလည်မှူလွဲနေတာ တွေ့ရလို့ သေချာ ရှည်ရှည်လေး ပြောရတာပါ…
အိုကေ paste လုပ်ထားတဲ့ ဖိုင်မှာ စာလုံးတွေက အရှည်ကြီး (eg.  becxxxxxxxxxxxxxxx.mrc) ခနမေ့ထားလိုက်..
အဲဒီ့ becxxxxxxxxx.mrc ဆိုတဲ့ဖိုင်ကိုထောက်ပီး more>rename ဆိုတဲ့ထဲကနေ အစကနေ အဆုံး copy ကူးပါ (အနောက်က .mrc)ပါ ပါရပါမယ်. ပီးရင် ဒီဟာကို အပီးဖျက်လိုက်လို့(delete)လုပ်လိုက်ပါ.
ပီးရင် ကိုယ်သုံးချင်တဲ့ ဖောင့်စတိုင်လေးကို rename ရွေးပီး ခုနက ကော်ပီလုပ်ထားတဲ့ becxxxx.mrc ဆိုတဲ့စာသားကို paste လုပ်လိုက်ပါ.
အိုကေပီလား ဒါဆို အပေါ်က ပြောခဲ့သလို file explorer > miui > theme > data > content > font ပြန်သွားပီး အဲ့မှာတွေ့တဲ့ကောင်ကို ဖျက်လိုက်ပီး အခုနာမည်ပြောင်းထားတဲ့ ဖိုင်လေးကို paste လုပ်ပေးပါ.
ပီးရင် နောက်ဆုံးအဆင့် theme app ကိုပြန်သွားပီး font>offline မှာ ဒေါင်းထားတဲ့ ဖောင့်ကို apply လုပ်ပေးလိုက်ပါ. reboot now ဆိုရင် ရဲရဲသာပေးလိုက် reboot ကျပီး ပြန်တက်လာရင် သင်နာမည်ပြောင်းပီးသုံးထားတဲ့ ဇော်ဂျီဖောင့်လေးနဲ့ သင့်ဖုန်းဟာ လန်းလန်းထနေပါပီ.
တခုဖြစ်တတ်တာက ဒီနည်းကို အသုံးပြုခဲ့မယ်ဆိုရင် …….
သင်ဟာ power off, restart လုပ်တဲ့အခေါက်တိုင်း မြန်မာစာ unicode ပြန်ဖြစ်သွားရင် theme>font ကနေ apply ပြန်နှိပ်ပေးဖို့ပဲဆိုတာကို အကြံပြုရင်း ဘယ်လောက်ပဲ ဗားရှင်းအသစ်တွေ တင်တင် ….
ပီးရင် theme>font ကို apply ပြန်လုပ်ပေးလိုက်ရုံပဲ ဆိုတာကို ပြောရင်းနဲ့ ရှည်ခဲ့သမျှသော စကားလုံးများအားလုံးကို နိဂုံးချုပ်လိုက်ပါတယ်…
>>>>>>>>>>>>>>>>>>>
3. root ရှိတယ်ဆိုရင်တော့ v6 ဆိုရင် mi font changer သုံးလို့ရပါတယ်။
http://www.mediafire.com/download/g6err1j5b1pb27v/MiFontChanger_v1.2.apk
အားလုံးအဆင်ပြေကြပါစေ…..
t.h.ag

source# ww.miuimyanmar.com

No comments