Header Ads

ROMမတင်ခင်သိထားသင့်သော အချက်များ

ROMမတင်ခင်သိထားသင့်သော အချက်များ

ကွန်ပြူတာတွေမှာ window os အသုံးပြုသလို Android ဆိုတာကတော့ဖြင့် ဖုန်းမှာအသုံးပြုတဲ့ open source operating system(OS)တခုပဲဖြစ်ပါတယ်။ သူက open source ပြုပြင်ချင်ရင် ပြုပြင်ခွင့်ပေးထားတဲ့အတွက် ဖုန်းကုမ္ပဏီတွေကနေပြီး သူတို့ဖုန်းနဲ့ ကိုက်ညီဖို့ လိုအပ်တာတွေ လိုချင်တာတွေပြင်ဆင်ပြီး ကိုယ်ပိုင်အနေနဲ့ ပြင်ဆင်ထုတ်ယူကြပါတယ်။ ဒါကြောင့်xiaomiကနေ သူတို့လိုသလိုပြုပြင်ပြီး ကိုယ်ပိုင် MIUIအနေနဲ့ပြုပြင်ထားခဲ့ပါတယ်။ Androidဖုန်းအများစုဟာဖြင့် root လိုတဲ့appsတွေ ပိုပြီးမြင့်တင်လို့ရတဲ့modsတွေ patchesတွေ custom ROM တွေသုံးပြီး ပြုပြင်မွမ်းမံပြင်ဆင်လို့ရပါသေးတယ်။ အဲ့လို မွမ်းမံပြင်ဆင်ဖို့ဆိုရင်တော့ ဖုန်းမှာ rootလုပ်ဖို့ လိုအပ်လာပါပြီ။ rootလုပ်ဖို့ဆိုတာဖြင့် operating systemရဲ့ securityကို သွားထိပြင်ဆင်တာမို့လို့ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်းရှိပါတယ်။ Androidဖုန်းသုံးတဲ့ လူအများစုကတော့ဖြင့် warrantyပျက်မှာကြောက်လို့ brickဖြစ်မှာစိုးလို့ဆိုပြီး rootမလုပ်ပဲ သုံးတာများပါတယ်။ ဒါပေမယ့် လူအနည်းစုကတော့ဖြင့် rootလုပ်ကြပါတယ်။ အဲ့ဒီလူအနည်းစုမှာ သင်ပါနေရင်တော့ အောက်က rootလုပ်ခြင်းကိုစတင်လုပ်ကိုင်ကြပါအောင်။
rootလုပ်ဖို့ဆိုတာ တကယ်တော့ အန္တရာယ်များပါတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ သေချာလုပ်ရင်တော့ဖြင့် ဘာမှဒုက္ခမပေးပါဘူး။ ဒီကြားထဲမှာ ဖုန်းbrickသွားတယ်ဆိုတာကတော့ လုပ်နေရင်းနဲ့ အမှားပါသွားလို့ပါ။  ဒီတော့မလုပ်ခင်မှာ အမှားမပါရလေအောင် ဘယ်ပစ္စည်းဟာတော့ဖြင့် ဘာလို့ခေါ်ပြီး ဘယ်ဟာကတော့ ဘယ်လိုသုံးတယ် ဘယ်ဟာကတော့ ဘယ်လိုလုပ်ရင် ဘာအန္တရာယ်ရှိတယ် ဘာလေးတွေကြိုတင်ဆောင်သင့်တယ် ရှောင်သင့်တယ်ဆိုတာလေး လေ့လာကြရအောင်။
TIPS 1 – Custom Recoveryဆိုတာဘာလဲ
Mi မှာ အဓိကသုံးတဲ့ custom recovery၂ခုရှိပါတယ်။ အဲ့ဒါတွေကတော့ CWMနဲ့ TWRPတို့ဖြစ်ပါတယ်။ အောက်မှာ ထပ်ရှင်းပြထားပါတယ်။
Custom recovery သုံးခြင်းအားဖြင့်Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root accessရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROMထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်အလုပ်တွေအများကြီးကို လုပ်သွားနိုင်ပါတယ်၊ Android အခြေခံအဆင့်ကို နားမလည်သေးသူတွေအတွက်  Custom recovery ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲတွေ့နိုင်သလို Custom recovery တွေရဲ့အစွမ်းကိုလဲ သဘောပေါက်ဖို့ ခက်ခဲနေပါအုံးမယ်၊ Android Devices တွေအားလုံး recovery consoleကို ဖုန်းအတွင်းပိုင်းmemoryထဲထည့်ပြီးတော့ ကုမ္ပဏီတွေကထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေBoot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြဿနာတွေတက်လာပြီဆိုရင် Factory Reset သုံးပြီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်zip ဖိုင်နဲ့ လာတဲ့ Official ROMကို Update လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင် လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ Custom Recoveryကတော့ သူမတူတဲ့အလုပ်မျိုးကိုလုပ်နိုင်ပါတယ်။Custom Recoveryက Stock Recoveryလိုမဟုတ်ဘဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့Options တွေပါလာပါတယ်၊ Custom recovery ကို အသုံးပြုထားမယ်ဆိုရင် Official Romတွေသာမက Developerတွေ ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ Custom Romတွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Updateပြုလုပ်ခြင်း၊ Themes ပြောင်းခြင်း၊ Kernelပြောင်းလဲခြင်း၊ Zip ဖိုင်အသုံးပြုခြင်း၊ User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကိုဖြတ်နိုင်ခြင်း၊ SD cards Partition ခွဲခြင်း၊Dalvik Cacheများဖျက်ပစ်ခြင်း၊ Permission များပြောင်းလဲခြင်း၊ Backup & Restoreမှာ ကြိုက်နှစ်သက်ရာ အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြားသော လုပ်ဆောင်ချက်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်.. ကိုချင်း
Clock work mod recovery (CWM)
CWMတင်ထားပြီးတော့ ကိုယ်တိုင်မဝင်တတ်သေးတဲ့သူတွေ
အတွက် Wipe Data Allလုပ်နည်းပါ။ Recovery Modeထဲကို ဝင်လိုက်တဲ့အခါ Stock Recoveryထဲကိုရောက်သွားသလို လိမ္မော်ရောင်စာတန်းသုံးခုကို မတွေ့ရတော့ဘဲ မရမ်းစေ့ရောင် နောက်ခံအရောင်နဲ့အတူ အောက်မှာရေးထားတဲ့ စာတန်း ၈ ခုကိုတွေ့ရပြီဆိုရင်တော့ CWMတင်ပြီးသားဖြစ်နေလို့ပါ-
– Reboot System Now
– Install Zip
– Wipe and Format Options
– Backup and Restore
– Monts and Storage
– Advanced Functions
– Recovery Setting
– Power Options ဆိုတဲ့ စာတန်းတွေကိုတွေ့မှာဖြစ်ပါတယ်။
CWMရဲ့ အားသာချက်တွေက ကျွန်တော်ဉာဏ်မမီလို့အများကြီးမပြောပြတတ်ပါဘူး။ သေချာတာတစ်ခုကတော့ CWMထည့်ထားခြင်းအားဖြင့် သင့်ကို အများကြီး ပျော်ရွှင်စေနိုင်ပါတယ်။ Stock Recoveryက မလုပ်နိုင်တာတွေမှန်သမျှ  CWMကတော့ သာသာယာယာနဲ့ ဖြေရှင်းပေးသွားပါမယ်။ အဲ့ဒါတွေက နောက်မှဆက်ကြတာပေါ့ဗျာ.. အခုဟာက Wipe Data All လုပ်မှာဖြစ်တဲ့အတွက် Wipe and Format Optionsကို ရွေးပါ။ ဒီနေရာမှာကတည်းက Stockနဲ့ CWMက စပြီး ကွာခြားလာပါပြီ။ Vol Key & PowerKey တွေကို သုံးစရာမလိုတော့ပါဘူး။ ဖုန်းရဲ့အောက်ခြေမှာ Down,Up,Back& Enterတို့ကို Screenပေါ်မှာပဲ လက်နဲ့ တို့ထိလို့ရအောင်ထည့်ပေးလိုက်ပါပြီ။ Down Keyကိုနှိပ်ပြီး Wipe and Format Optionsကိုရောက်အောင်သွားပါ။ Enterနှိပ်ပြီးဝင်ပါ။ အထဲကိုရောက်ရင်-
– Factory Reset
– Wipe Cache
– Wipe Dalvik/ART Cache
– Clean to Install a New Rom
– Wipe User Media
– Custom Format Options
– +++++Go Back+++++.. စတာတွေကိုတွေ့ပါမယ်။
ကျွန်တော်ကတော့ Wipe Cacheနဲ့ Wipe Dalvik/ART Cacheထဲကိုဝင်ပြီး လုပ်ပါတယ်(လိုမလိုတော့ တိတိကျကျမသိပါဘူး။ ခဏခဏလုပ်နေကျမို့ ပြဿနာမရှိဘူးဆိုတာကိုတော့ သေချာပြောနိုင်ပါတယ်) ပြီးရင်တော့ Factory Resetလုပ်ပါတယ်။ FR လုပ်ပြီးရင် Backနဲ့ပြန်ထွက်ပြီး Reboot System Nowရွေးပေးလိုက်ပါတယ်။ Power ပြန်တက်လာတဲ့အခါ ဖုန်းက Factory Reset(FR) လုပ်သလိုဖြစ်တဲ့အတွက် ပုံမှန်အနေအထားရောက်အောင် Languageရွေးတာကစလို့ တစ်ဆင့်ချင်း ဆက်ပြီးလုပ်သွားပေးပါ။ CWM Recoveryကနေ Wipe All Dataလုပ်တာပြီးပါပြီ….
အဆင်ပြေပါစေ
ကိုချင်း
——
တချို့ဖုန်းတွေမှာ support လုပ်တယ်… တချို့အလုံးတွေမှာတော့ support မလုပ်ဘူး.. သူ့ရဲ့ပုံစံနဲ့ လုပ်ဆောင်ပုံက ရိုးရှင်းတယ်.. touch screen သုံးလို့မရဘဲ ph body button ကိုပဲ အသုံးပြုလို့ရတယ်.. သူ့ရဲ့အားသာချက်က tdb လို့ခေါ်တဲ့ true dual boost ကို support လုပ်တဲ့ device တွေမှာ on/off လုပ်လို့ရပီး sys1,2 နှစ်ခုခွဲပီး rom flash တာကို လုပ်ဆောင်ပေးတာ သူ့ရဲ့အားသာချက်လို့တင်ပါတယ်…
သူ့ကို အဓိက အသုံးများတာက mi series တွေဖြစ်တဲ့
mi3, mi4, mi note, mi pad, mi note pro(သူ့အတွက်တော့ twrp) ပဲ ရှိသေးတယ်ထင်တယ် သိပ်တော့ မသေချာပါ.. ဘာလို့လဲဆိုတော့ ဒီမော်ဒယ်တွေက  tdb အသုံးများလို့ cwm ရှိပါတယ်…
redmi series ထဲမှာဆိုရင်တော့ redmi1s, redmi2,  redmi note3g,  redmi note4g dualsim စတာတွေမှာ အသုံးများပါတယ်….
redmi note 4g single sim မှာသုံးတာကျတော့ philz touch cwm  ဆိုတော့ သူက ဖားတပိုင်း ငါးတပိုင်းလိုဖြစ်သွားတယ် touch သုံးလို့ရတာကိုး…
စစချင်းမှာ ဘာလို့ တချို့ဖုန်းလို့ သုံးရလဲဆိုတော့ mi note pro နဲ့ mi4i မှာသုံးလို့မရသေးလို့ပါ..
အဆင်ပြေကြပါစေ
t.h.ag(ကိုတင်ဌေးအောင်)
အောက်က ပုံတွေကတော့ဖြင့် CWMပုံတွေပါ။
cwm3 CWM2 CWM5

Team win recovery
သူကတော့ စိတ်ကူးယဉ်ဆန်တဲ့ အနုပညာတခုလို့ ထင်ပါတယ်… touch သုံးလို့ရတယ်.. ui တွေကို ဒေါင်းလော့လုပ်ပီး ပုံစံတွေ ကာလာတွေက အမိုက်စား အလန်းစားလေးတွေ သုံးလို့ရပါတယ်.. သူ့မှာ အားနည်းချက်က tdb support မလုပ်ပေးနိုင်တာနဲ့ တချို့ version တွေမှာ ota update လုပ်လို့မရတာလေးတွေက သုံးစွဲသူများကို အနည်းငယ် စိတ်စနိုးစနောင့် ဖြစ်နေစေပါသေးတယ်..
လက်ရှိ အသုံးအများဆုံးက mi note pro, mi4i
redmi series ထဲမှာဆိုရင်တော့ redmi1s, redmi2, redmi note3g စတာတွေမှာ အသုံးများပါတယ်….
ဒီလောက်ဆိုရင်တော့ ကိုယ့်ဖုန်းမှာ ဘယ် custom recovery ကို သုံးလို့ရမယ်… သုံးလိုက်ရင် ဘယ်လိုလေးတွေ လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်ရေးထားတာထက် ပိုပီး သိချင်တယ်ဆိုရင်တော့ ဆရာ့ဆရာများကို မေးပါ အခုရေးပြထားတာတွေကတော့ ကျွန်တော်စမ်းမိသလောက် ကလိမိသလောက်လေးများကိုသာ ပြန်လည်ဖောက်သည်ချခြင်းဖြစ်ပါတယ်..
ရိုးရိုးယဉ်ယဉ် cwm လား
မော်ဒန်ဆန်ဆန် twrp လား
ကိုယ်သုံးချင်တာ ရွေးချယ်ထား….
အဆင်ပြေကြပါစေ
t.h.ag(ကိုတင်ဌေးအောင်)

အောက်ကတော့ TWRPရဲ့ပုံပါ
TWRP
TIPS 2 – Battery ကို အပြည့်ဖြည့်ထားပါ
တချို့ ROMတင် updateတင်တာ လိုဂိုတင်ရပ်နေရင် ၁နာရီကနေ ၂နာရီစောင့်ရတာမျိုးတွေရှိတော့ batteryကိုအပြည့်ဖြည့်ထားတာ ဒါမှမဟုတ် အနည်းဆုံး ၅၀%ရှိတာ အကောင်းဆုံးပါ။
TIPS 3 – data, contacts, photo တွေ backupလုပ်ထားပါ
သင့်မှာMi accountသာဖွင့်ထားပြီး synလုပ်ထားရင် contact, photo, notesတွေတော့ပြန်ရမှာပါ။ နောက်ပြီး Settings-> Additional Settings-> Backup & Restoreကနေပြီး Backupလုပ်ထားပါ။
TIPS 4 – USB Debugging Modeကိုဖွင့်ထားပါ

settingsထဲကနေ about phoneထဲကိုဝင်လိုက်ပြီး အဲ့ဒီ့ထဲက MIUI versionကို ဆက်တိုက်၇ချက်နှိပ်လိုက်ရင် “You are now developer.”လို့ဖြစ်သွားရင် Settings ထဲက Additional Settingsထဲမှာ Developer Optionsဆိုတာပေါ်လာပြီး အဲ့ဒီ့ထဲကUSB Debugging onပေးရမှာဖြစ်ပါတယ်။
TIPS 5 – IMEI (International Mobile Equipment Identity)  Backupလုပ်ပြီးသိမ်းထားပါ
Custom ROMတင်ရင် ROMမှားရင် IMEIပျောက်သွားတတ်လို့ သိမ်းထားတာ မမှားပါဘူး။ Snapdrogon တွေအတွက် အောက်မှာပေးထားတဲ့နည်းနဲ့ထည့်လို့ရပါတယ်။
TIPS 6 – လက်ရှိROMကို Backupလုပ်ပါ
Mi Stock Recoveryထက် အပေါ်မှာပြောထားသလို CWMတို့ TWRPတို့ထည့်ထားပြီး အဲ့ဒီ့ကနေ backupလုပ်ပါ။ PCရှိရင် ပြောင်းသိမ်းထားပါ။
မူရင်း http://en.miui.com/thread-160938-1-1.html ကိုဘာသာပြန်ပြီး Myanmar Mi Fansမှ ဆရာများဖြစ်တဲ့ ကိုချင်းနဲ့ ကိုတင်ဌေးအောင်တို့ရဲ့ သင်ကြားပြသမှုတွေကို ပေါင်းထည့်ထားပေးတာဖြစ်ပါတယ်။
Myanmar Mi Fansမှာ သင်ဆရာ မြင်ဆရာများအားလေးစားလျက်….
To Be Continued

No comments