Header Ads

MiPad2‬ ကိုAndriod ROMပြောင်းတင်ပြီးတဲ့နောက် တွေ့ရသော ပြသနာ အပိုင်းအစလေးများ

ဒီနေ့ ရလိုက်တဲ့ အတွေ့အကြုံလေးတစ်ခုကိုဝေမျှချင်ပါတယ်ခင်ဗျာ။
‪#‎MiPad2‬ ကိုAndriod ROMပြောင်းတင်ပြီးတဲ့နောက် ပထမဆုံး တွေ့ရတဲ့ ပြသနာကတော့ facebook သုံးလို့မရတာပါ။ ပြန်ပြန်ထွက်ပါတယ်။
မထွက်ရင် Facebook logo မှာပဲလည်နေတယ်။ရှေ့မတက်တော့ဘူး။ဘယ် Facebook Versionပြောင်းတင်တင် မရဘူးဗျာ။ မသုံးမဖြစ်စွဲလမ်းနေမိတဲ့ Facebook ကြီးသုံးလို့မရဘူးဆိုတော့ကား အတော်ကသိကအောက်ဖြစ်နေမိတာပေါ့ဗျာ။
အဲတော့ ထုံးစံအတိုင်း Myanmar Mi Fans က ဆရာများကို အကူအညီတောင်းရတာပေါ့ဗျာ
Mi Pad 2 ဟာ အရင်သုံးနေကျ Processor မဟုတ်ပဲ Intel Processor ကိုသုံးတဲ့အတွက် ဒီပြသနာဖြစ်တယ် ထင်မိပါတယ်။(အထင်သာ ဟုတ်ချင်မှလည်းဟုတ်ပါမည်)
အရင်ဆုံး www.google.com ကနေ facebook x86 ဆိုပြီး ရှာလိုက်ပါတယ်ဗျ
အဲဒီမှာ ကျလာတဲ့ link တွေထဲက www.apkmirror.com က facebook 50.0.0.10.54(×86) ကိုဝင်လိုက်တယ်ဗျ။
အဲဒီကနေ download ဆွဲပြီး install လုပ်လိုက်တာပါ။
အဲဒီမှာထူးခြားတာက mi pad2 ရဲ့ wifi ကိုဖွင့်ထားရင် down ထားတဲ့ apk file ကို install မလုပ်ပဲ mi store ထဲက facebook apkကို download ဆွဲပြီး install လုပ်တယ်။ အဲဒီ mi store ထဲက facebook apk ကလည်း verify ဖြစ်ပေမယ့် သုံးလို့မရပါဘူး။အဆင်မပြေပဲ facebook logo တင်ရပ်နေပြန်ပါတယ်။
အဲတော့ ကျွန်တော်ကတော့ apkmirror ကနေ facebook ကို download ဆွဲတယ်
Wifi ပြန်ပိတ်တယ်
Download ဆွဲထားတဲ့ facebook apk ကို install လုပ်တယ်။
Installလုပ်လို့ပြီးရင် wifi ပြန်ဖွင့်တယ်။
Facebook ကိုဖွင့်သုံးတယ်။
အဆင်ပြေသွားပါပြီ။
သိလိုက်ရတဲ့ အတွေ့အကြုံကို ပြန်လည်ဝေမျှတာပါခင်ဗျာ။
အားလုံး အဆင်ပြေကြပါစေ..

ဒီလို အဆင်ပြေအောင် ကူညီပေးတဲ့ အမ ခိုင် ခိုင် နဲ့ ko Myo Myint Soe ကိုအထူးကျေးဇူးတင်ပါကြောင်း...
Credit Ko Kyi Soe Htun


Share By https://web.facebook.com/xiaomimyanmarservice/

1 comment:

  1. The Wizard - Casino - JeTHub
    Book your tickets for Las Vegas 사천 출장안마 casino night. 울산광역 출장마사지 Sign up at Ticketmaster 거제 출장안마 Casino to begin wagering 제주 출장마사지 at 8:00am. The 전주 출장마사지 Wizard also offers live casino and poker games,

    ReplyDelete