Header Ads
!!! Xiaomi Mi Max Preview
!!! Xiaomi Mi Max Preview
‪#‎What‬ is Xiaomi Mi Max?
Mi Max Specifications
***************************************************
*********************************************************************************
* Unicode Version *
!!! Xiaomi Mi Max Preview !!!
*************************************
မင်္ဂလာပါ ခင်ဗာျ။ Xiaomi ဖုန်း ကိုနှစ်သက်သဘောကျတဲ့ Mi Fans များအတွက် မကြာမှီ အချိန်အတွင်းမှာ ရောက်ရှိလာတော့မယ့် Mi Max Smartphone အသစ်အကြောင်းကို ကျွန်တော်တို့ Mi Store Yangon Page ကနေပြီးတော့ Preview အနေနဲ့ တင်ပြပေးလိုက်ပါတယ်။
#What is Xiaomi Mi Max?
Xiaomi Mi Max Smartphone ဟာဆိုရင် ဖုန်း Screensize ကြီးကြီး သုံးချင်တဲ့သူတွေနဲ့ Mi Tablet မှာ Sim Card ထည့်မရတာကို သဘောမတွေ့သူများအတွက် အကောင်းမွန်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်နေမှာပါ။ ကြီးမားတဲ့ Screen, လှပတဲ့ Metal နှင့် 2.5D Glass Design, ပါးလွှာတဲ့ 7.5mm သာရှိတဲ့ ကိုယ်ထည်, Xiaomi ဖုန်းတွေထဲမှာ Battery အကောင်းဆုံးဖုန်းဖြစ်လာမယ့် ကြီးမားတဲ့ 4850mAh Battery, အမျိုးအစား ၃ မျိုးထွက်ရှိတဲ့ အတွက် မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Mi Max Smartphone ကို ရွေးချယ်နိုင်ဦးမှာပါ။ ဒါ့အပြင် စျေးကလည်း Xiaomi ထုံးစံအတိုင်း လူတိုင်း နှစ်ခြိုက်ကြမယ့် စျေးနှုန်းတစ်ခု ဖြစ်လာဦးမှာပါ။ 
#Design
Xiaomi Mi Max ဖုန်းမှာ အထင်ရှားဆုံးဖြစ်နေမယ့် အရာတစ်ခုကတော့ Design ပိုင်းပဲဖြစ်နေပါလိမ့်မယ်။ ကြီးမားတဲ့ Metal ကိုယ်ထည်ဖြင့် ပြုလုပ်ထားပေမယ့် ပါးလွှာတဲ့ကိုယ်ထည် နဲ့ ဘေးဘောင်တွေကြောင့် လက်တစ်ဖက်ထဲနဲ့ ကောင်းကောင်းအသုံးပြုလို့ရမှာဖြစ်ပြီး ဘောင်းဘီအိပ်ကပ် ထဲကိုလည်း အခက်အခဲမရှ ပဲ သယ်ဆောင်သွားနိုင်အောင် ပြုလုပ်ထားပါတယ်။
အရွယ်အစားကြီးမားတဲ့ဖုန်းတွေမှာ သုံးစွဲသူတွေ စိုးရိမ်လေ့ရှိတဲ့ အချက်တစ်ခုကတော့ အရမ်းထူနေမှာ နဲ့ သာမန်ဖုန်းတစ်လုံးထက် ပိုမိုလေးမှာဖြစ်ပါတယ်။ Xiaomi Mi Max မှာတော့ ပြုလုပ်ထားတဲ့ Metal နဲ့ 2.5D Front Glass တို့ပေါင်းစပ်ထားတဲ့ ကိုယ်ထည်ဟာ 7.5mm သာအထူရှိမှာဖြစ်ပြီး အလေးချိန်မှာလည်း 6.44" အရွယ်ဖုန်း ဖြစ်ပေမယ့် 203g သာရှိသဖြင့် အခြား 5.5" အရွယ်ဖုန်းတွေထက် အနည်းငယ်သာ ပိုမှာဖြစ်ပါတယ်။
#Performance
Mi Max ရဲ့ Performance ပိုင်းမှာတော့ (၃) မျိုးကွဲသွားပြီး RAM 3GB, Internal 32GB အမျိုးအစားမှာတော့ Redmi Note 3 Pro မှာအသုံးပြုထားတဲ့ Qualcomm Snapdragon 650 (Quad Core 1.4Ghz + Dual Core 1.8Ghz) CPU ကိုအသုံးပြုထားပါတယ်။ RAM 3GB, Internal 64GB အမျိုးအစားမှာတော့ ပိုမိုကောင်းမွန်တဲ့ Qualcomm Snapdragon 652 (Quad Core 1.4Ghz + Quad Core 1.8Ghz) CPU ကိုအသုံးပြုထားပြီး ထိပ်ဆုံး Model ဖြစ်တဲ့ RAM 4GB, Internal 128GB မှာလည်း Qualcomm Snapdragon 652 CPU ကိုပဲ အသုံးပြုထားပါတယ်။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် Graphic Processing ပိုင်းအတွက် Adreno 510 GPU ကို အသုံးပြုပေးထားတာကြောင့် Screen ကြီးကြီးနဲ့ Game ဆော့ချင်တဲ့သူတွေအတွက် အကြိုက်ဖြစ်ဦးမှာပါ။
Internal Storage အတွက်လည်း Sim 2 Slot မှာ MicroSD Card ကို 128 GB အထိ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး 128GB အမျိုးအစားကို အသုံးပြုသူဆိုရင် 256GB အထိ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အလွန်များပြားတဲ့ Data တွေကို ဖုန်းထဲမှာပဲ သိမ်းဆည်းထားနိုင်မှာပါ။
#Camera
ဖုန်းတစ်လုံးကို ဝယ်ယူပြီဆိုရင် အရင်ဆုံးကြည့်တဲ့အချက်တွေထဲမှာ Camera ကတစ်ခုအပါအဝင်ဖြစ်မှာပါ။ Xiaomi Mi Max Smartphone မှာဆိုရင် အလွန်မြန်ဆန်တဲ့ Phase Detection Auto Focus ပါဝင်တဲ့ 16 Megapixels Back Camera ဟာ အကောင်းဆုံးသော ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်မှာပါ။ Dual LED Flash ကလည်း ညဘက် အလင်းရောင်နည်းပါးတဲ့ အချိန်မျိုးမှာ ရိုက်ကူးနိုင်အောင် ကူညီပေးဦးမှာပါ။
ထူးခြားတဲ့အရာတစ်ခု ဖြစ်လာမယ့် အဆင့်မြှင့်တင်ထားတဲ့ Selfie Camera ဟာ သုံးစွဲသူတွေ အကြိုက်တွေ့စေဦးမှာပါ။ 5 Megapixels ဖြစ်ပေမယ့်လည်း 85° Wide Angle Lens ကို အသုံးပြုထားတဲ့အတွက် Selfie ပုံတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ရိုက်တဲ့ Groupfie ပုံတွေဟာ အခြားဖုန်းတွေထက် ပိုမိုကောင်းမွန်နေမှာပါ။
#Display
Xiaomi Mi Max Smartphone ရဲ့ သင်္ကေတ တစ်ခုလို့ပြောရမယ့် ဖုန်းကိုယ်ထည်ရဲ့ 75% လောက်ကို နေရာယူထားတဲ့ 6.44 Inches Display အကြောင်းကို ပြောပြပေးချင်ပါတယ်။ 178° မှအထိ တိမ်းစောင်းကြည့်ရှုနိုင်သည့် IPS LCD Screen ကိုအသုံးပြုထားပြီး Full HD (1920×1080) Resolution ကိုအသုံးပြုထားပြီး Maximum Brightness 450Nits, 1000:1 Contrast Ratio နှင့် 342PPI Pixels density တို့ကြောင့် ကြည်လင်တောက်ပတဲ့ Display တစ်ခုဖြစ်နေမှာပါ။ ပါးလွှာတဲ့ဘေးဘောင်တွေနဲ့ အတူ Display ကိုလည်း Corning Gorilla Glass 4 ဖြင့် ကာကွယ်ပေးထားတဲ့အတွက် တော်ရုံ ခြစ်ရာ အစင်းရာများကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
#Other_Features
ဒီလို စွမ်းဆောင်ရည်ကောင်းမွန်တဲ့့ Mi Max Smartphone ကို တစ်နေကုန်စိတ်ကြိုက်အသုံးပြုနိုင်မယ့် ကြီးမားတဲ့ 4850mAh Long life Battery ကို အသုံးပြုပေးထားပြီး Quick Charge နည်းပညာကို အသုံးပြုပေးထားတဲ့အတွက် လျှင်မြန်စွာ အားကို ပြန်လည်ဖြည့်တင်းနိုင်ဦးမှာပါ။ အခြား Features တွေအနေနဲ့တော့ လျှင်မြန်တဲ့ Fingerprint Scanner, TV/Air Con စတာတွေကို ထိန်းချုပ်နိုင်မယ့် IR Sensor, Dual Sim Support ပြုလုပ်ပြီး Network ပိုင်းမှာလည်း 4G+ အထိရရှိနိုင်ဦးမှာပါ။
Xiaomi Mi Max Smartphone ကို မကြာမီအချိန်အတွင်း Mi Store Yangon ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်တဲ့အတွက် Xiaomi ဖုန်းချစ်သူများအနေနဲ့ Screensize ကြီးမားပြီး Tablets အသေးစားလေးတစ်ခုလိုပါ အသုံးပြုနိုင်တဲ့ Xiaomi ဖုန်းအမျိုးအစားအသစ် တစ်ခုကို အသုံးပြုနိုင်တော့မှာပါ။
#Xiaomi #Mi_Max #Coming_Soon
Mi Max Specifications
***************************************************
- Qualcomm Snapdragon 650/652
- Massive 4850mAh battery
- Ultra-thin metal body, only 7.5mm in thickness and weighs only 203g
- 3GB RAM + 32GB flash, expandable up to 128GB via MicroSD
- 3GB RAM + 64GB flash, expandable up to 128GB via MicroSD
- 4GB RAM + 128GB flash, expandable up to 128GB via MicroSD
- 6.44" large immersive display
- 16MP PDAF rear camera; 5MP front camera with 85º angle
- Rear fingerprint sensor
- 4G Dual SIM, dual standby
- Infrared port and Mi Remote app for controlling appliances from hundreds of brands
***********************************************************************************
Credit To Mi Store Yangon
No comments