Header Ads
Miui 8 အကြောင်း တစေ့တစောင်း
Miui 8 အကြောင်း တစေ့တစောင်း
‪#‎Zawgyi‬
colonthree emoticon
----------------------------------------------------
‪#‎Unicode‬
MIUI 8 China Alpha ROM ကို မေလ ၁၆ ရက်နေ့မှစတင်ပြီး စမ်းသပ်သုံးစွဲခွင့်ပြုခဲ့တာြဖစ်ပါတယ်။ အဆိုပါ Alpha Test ROM ကို MIUI Forum Special Team တွေကို ပေးသုံးခဲ့တာြဖစ်ပြီး အဆိုပါ Team တွေထဲကမှ Mi3/ Mi4/ Mi Note Users များကိုသာ စမ်းသပ်သုံးစွဲခွင့်ပေးခဲ့တာဖြစ်ပါတယ်။ စစချင်းဆိုတော့ Error (Bugs) တွေအများကြီးနဲ့ပါပဲ။ ဒါကြောင့်
ဒီ Program ထဲမှာ ကျွန်တော်ကတော့ MIUI Beta Team - Global ကဖြစ်ပြီး ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ Bugs Report လုပ်နေတဲ့အချိန်တစ်လျှောက်လုံး MIUI 8 နဲ့ပါတ်သတ်ပြီး Downloaded Contents တွေနဲ့အတူ မည်သည့် Info ကိုမှပြင်ပထုတ်ပြောခွင့်၊ Public Share ခွင့် မပေးထားတဲ့အတွက် ဒီနေ့ထိစောင့်နေခဲ့ရပါတယ်။ ကျွန်တော့် Members တွေအတွက်ပဲ ပြောပြချင်တာပေါ့ဗျာ။
အခုပို့စ်နဲ့ပါတ်သတ်ပြီး မေလ ၂၀ ရက်နေ့မှာပဲ ကျွန်တော်တို့ Beta Team တွေရဲ့ Super Moderators အကိုတစ်ယောက်က MIUI 8 China Alpha Overview ကို Forum မှာ Public တင်ဆက်ပေးလိုက်တာဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့လည်း Group Members တွေမျှော်လင့်စောင့်စားနေကြတဲ့ MIUI 8 အကြောင်းလေးတွေကို Super Moderators ရဲ့ ပို့စ်ကို မှီပြီး ကျွန်တော့်အတွေ့အကြုံလေးတွေ တင်ဆက်ပေးလိုပါတယ်။
၁. ပထမဦးဆုံး MIUI 8 စတင်သုံးစွဲဖို့ Setup လုပ်ပြီဆိုတာနဲ့ အဖြူရောင် နောက်ခံပေါ်မှာ အပြာရောင်စာသားနဲ့ MIUI 8 ကိုမြင်တွေ့ရမှာဖြစ်ပဲဖြစ်ပါတယ်။ ယခင် "Orange" Color ကို "Blue" Color အဖြစ်ပြောင်းလဲထားတာဖြစ်ပါတယ်။
၂. MIUI 8 မှာ Desktop မှာမြင်တွေ့နေရတဲ့ နာရီကို အရွယ်အစားလျှော့ချထားပြီး ပြောင်းလဲထားပါတယ်။ အချို့ MIUI Stock Apps တွေရဲ့ Icons တွေကိုပြောင်းလဲထားပါတယ်။ Folder Background ကို ပိုပြီးတော့ သိသာမြင်သာအောင် Transparent လျှော့ထားတဲ့အတွက် ပိုပြီးရှင်းရှင်းလင်းလင်းရှိစေပါတယ်။
၃. MIUI 8 မှာပါရှိတဲ့ Notification shade ကို Weather information နဲ့အတူမြင်တွေ့ရမှာဖြစ်ပြီး Search bar နဲ့အချို့နေရာတွေမှာပါ Weather information ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ MIUI 8 မှာ Notification shade ကို MIUI 5 ရဲ့ ပုံစံအတိုင်း ပြောင်းလဲထားပါတယ်။ "Single page" နဲ့ "Dual page" ဆိုပြီး Style နှစ်ခုခွဲထားပါတယ်။ "Single page" Style ကတော့ ပိုမိုလွယ်ကူတဲ့ Style ပုံစံလေးတွေနဲ့ အတော်လေးကို ဆန်းသစ်တာတွေ့ရမှာဖြစ်ပါတယ်။ MIUI 8 ရဲ့ Notification shade Icons Color တွေဟာ Weather forecast အပေါ်မူတည်ပြီး အရောင်ပြောင်းလဲမှုရှိမှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် MIUI 8 ရဲ့ Noti bar ဆန်းသစ်ထားတာလေးတွေကို သဘောပေါက်လောက်ပြီထင်ပါတယ်။
၄. MIUI 8 မှာ Volume bar ကိုလည်းပြုပြင်ထားပါတယ်။ Volume button တခုခုကို ဖိလိုက်တာနဲ့ Display အပေါ်ဖက်မှာ "Ringtone, Media, Clock" Volume တွေကို တပြိုင်တည်း Control ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
၅. MIUI 8 မှာ System interface ပိုင်းဆိုင်ရာတွေကို အတော်လေးပြုပြင်ပြောင်းလဲမှုလုပ်ထားတာတွေ့ရပါတယ်။ ဥပမာ Lock screen မှာ မြင်တွေ့ရမဲ့ Notification style ၊ Change wallpaper, Theme Apps နဲ့ အခြား System ပိုင်းဆိုင်ရာ ဆန်းသစ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့ခံစားရဦးမှာပါ။
၆. MIUI 8 မှာ Recent Tray ကိုလည်း Shortcut Music Toggle လေးနဲ့ ထည့်သွင်းပြင်ဆင်ထားပါတယ်။ Shortcut music toggle လေးဟာ Recent tray ရောက်ရင် အလယ်အပေါ်မှာ မြင်တွေ့ရမှာပါ။ အရင်လို Apps တွေကို Recent tray မှာ Lock တစ်မျိုးပဲလုပ်လို့ရတာမဟုတ်တော့ပဲ Lock Task နဲ့ Apps details ဆိုပြီး ထပ်တိုးထားတာတွေ့ရပါတယ်။
၇. MIUI 8 မှာ Wallpaper change menu နဲ့ Theme Apps Interface တို့ကိုလည်း ပြင်ဆင်ထားပါတယ်။
၈. MIUI 8 မှာ Lock screen ရဲ့ Notification နဲ့ Brightness slider ရဲ့ နောက်ခံဟာ အဖြူရောင်နဲ့ဖြစ်ပါတယ်။ Brightness slider နောက်ခံဟာ အဖြူရောင်ဆိုပေမယ့် Progress bar color ဟာ Weather forecast အပေါ်မူတည်ပြီး အခြားအရောင်ဖြစ်နေပါမယ်။
၉. MIUI 8 မှာ Search function ကိုလည်း Search tools အသစ်နဲ့ပြုပြင်ပြောင်းလဲပေးထားပြီး Background Color အဖြူနဲ့ဖြစ်ပါတယ်။
၁၀. MIUI 8 မှာ Sharing function တွေကိုလည်း ပြောင်းလဲထားပါတယ်။ Setting Interface ကိုလည်း အပြည့်အဝပြုပြင်ပြောင်းလဲထားပါတယ်။ Icons လေးတွေနဲ့ဖြည့်စွက်ထားသလို Titlbe bar နဲ့ အခြားအရာတွေကိုလည်း ပြောင်းလဲထားပါတယ်။
၁၁. MIUI 8 မှာ Font setting ကိုလည်း ပြင်ဆင်ထားပြီး Font size option ကို Display settings အောက်ကိုရွေ့ထားပါတယ်။
၁၂. MIUI 8 မှာ Lock screen shortcuts option ထပ်ထည့်ပေးထားတာတွေ့ရပါတယ်။ Lock screen shortcut ကို မိမိစိတ်ကြိုက် Customize ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
၁၃. MIUI 8 မှာ Second space ဆိုတဲ့ Option လေးပါဝင်လာပါမယ်။ သူက ဘာတွေလုပ်လို့ရမလဲဆိုတော့ ကျွန်တော်တို့ ဖုန်းတစ်လုံးနဲ့ ဖုန်းနှစ်လုံးသုံးနေသလို ခံစားရမှာပဲဖြစ်ပါတယ်။ Applications တွေကို နေရာနှစ်ခုစလုံးမှာ သင်နှစ်သက်သလို Customize လုပ်ပြီး အသုံးပြုနိုင်ပါမယ်။ Space နှစ်ခုစလုံးအတွက် မတူညီတဲ့ Password လည်းခံထားလို့ရမှာဖြစ်ပြီး Permission မရှိပဲ နှစ်ခုစလုံးကို သုံးလို့ရမှာမဟုတ်ပါဘူး။ Space တစ်ခုကနေတစ်ခုသို့ Data အရွေ့အပြောင်းလုပ်ရတာလည်း လွယ်ကူသလို အသုံးမပြုချင်တော့ပါက အလွယ်တစ်ကူ ဖျက်လို့ရမှာပဲဖြစ်ပါတယ်။
၁၄. MIUI 8 မှာ Battery ပိုင်း Functions နဲ့ပါတ်သတ်ပြီးတော့လည်း ပြင်ဆင်ထားတာတွေရှိပါတယ်။ Battery usage ကို မိမိစိတ်တိုင်းကျ ပြုပြင်နိုင်မှာဖြစ်တဲ့အတွက် မလိုအပ်ပဲ Apps တွေက အားစားနေတာကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ Battery Saver အနေနဲ့ Battery Percent 60% ရောက်ရင် Background Apps တွေကို Control လုပ်သွားမှာပါ။ CPU 40% ရောက်ရင်လည်း CPU Cool down လုပ်ဖို့ Noti ပြပေးဦးမှာပါ။
၁၅. MIUI 8 မှာ Additional Settings အတွက် New features နှစ်ခုထပ်မံထည့်သွင်းထားပါတယ်။ ဒါတွေကတော့ "Touch assistant" နဲ့ "Beta Features" တို့ပဲဖြစ်ပါတယ်။ Touch Assistant feature အနေနဲ့ "Eash touch" ကဲ့သို့ ပုံစံဆင်တူပါပဲ မိမိထားလိုသော Apps & Options ရဲ့ Shortcuts တွေကို ထားနိုင်မှာဖြစ်သလို ဘယ် Apps ဖွင့်ရင် Auto hide လုပ်မယ်ဆိုတာကိုလည်း ထားပေးလို့ရမှာဖြစ်ပါတယ်။ Beta Features အနေနဲ့ပါဝင်လာတာတွေကတော့ "Battery Saver" "Power checker" နဲ့ "App Invisible" တို့ပဲဖြစ်ပြီး App invisible ကတော့ Desktop မှာ မမြင်စေလိုတဲ့ Apps တွေကို Hidden လုပ်ထားနိုင်မှာပဲဖြစ်ပါတယ်။
၁၆. MIUI 8 မှာ ကျွန်တော်အကြိုက်ဆုံးတစ်ခုကတော့ Cloned Apps ပဲဖြစ်ပါတယ်။ ဖုန်းတစ်လုံးတည်းမှာ မည်သည့် Apps ကိုမဆို Cloned ပွားထားပြီး သုံးလို့ရတာဖြစ်တဲ့အတွက် အကယ်လို့ Facebook Account နှစ်ခုသုံးသူများအတွက် Modified လုပ်ထားတဲ့ စိတ်မချရတဲ့ Apps နှစ်ခုထည့်နေစရာမလိုတော့ပဲ Facebook Official Apps တစ်ခုတည်းကိုပဲ Cloned ပွားထားပြီး Account နှစ်ခု တစ်ပြိုင်တည်း သုံးနိုင်မှာပဲဖြစ်ပါတယ်။ သိပ်လန်းလွန်းတဲ့ Fatures ပဲပေါ့ဗျာ
colonthree emoticon
၁၇. MIUI 8 မှာ Camera ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ထားတာတွေ့ရပါတယ်။
၁၈. MIUI 8 မှာ Phone, Contacts, Dialer တို့ရဲ့ Interface တွေကို ပြင်ဆင်ပြောင်းလဲထားပြီး Messages Interface ကို တစ်စိတ်တစ်ပိုင်းပြင်ဆင်ပေးထားပါတယ်။
၁၉. MIUI 8 မှာ Scanner Apps ကို စုံစုံလင်လင်လေး အဆင့်မြှင့်တင်ပေးထားတာကိုလည်း တွေ့ရပါတယ်။ Features တွေကတော့ "QR code" "Shopping" Translate features "Study" "Business card" "Document" စသဖြင့် စုံလင်တာတွေ့ရပါတယ်။
၂၀. MIUI 8 မှာ Calculator ပိုင်းဆိုင်ရာ ပြုပြင်ပေးထားတာတွေလည်းရှိပါတယ်။ Percentage % တွက်ချက်မှုနဲ့ အတူ အခြား Functions တွေထပ်မံထည့်သွင်းပေးထားပါတယ်။
၂၁. MIUI 8 မှာ Calendar Apps ကိုလည်း ပြင်ဆင်ထားတာတွေ့ရပါတယ်။ လစဥ်လတိုင်းအတွက် မတူညီတဲ့ Color လေးတွေပြောင်းလဲပေးထားပါတယ်။
၂၂. MIUI 8 မှာ Gallery ကိုလည်း အဆင့်မြှင့်တင်ထားပြီး Image Editor Tool နဲ့ Video Editor အသစ်ထပ်မံထည့်သွင်းပေးထားပါတယ်။ Video Editor မှာ Special Apps တွေသုံးစရာမလိုပဲ Add audio, Trim Video စတဲ့ Functions အစုံရရှိနိုင်မှာပဲဖြစ်ပါတယ်။
၂၃. MIUI 8 မှာ Notes Apps ကိုလည်း သိသိသာသာ ပြင်ဆင်ထားပါတယ်။ Features အသစ်တွေနဲ့ ကြိုက်နှစ်သက်ကြမှာပါ။
၂၄. MIUI 8 မှာ Weather Apps ကိုလည်း သိသိသာသာ ပြင်ဆင်ထားပါတယ်။ Features အသစ်တွေနဲ့ အင်မတန်ဆန်းသစ်လှပါတယ်။
၂၅. MIUI 8 မှာ Making tool တွေအနေနဲ့ Translation tool, Screenshot (with long screenshot) တို့ကို ထပ်မံထည့်သွင်းပေးထားပါတယ်။ Translation tool နဲ့ပတ်သတ်ပြီး လက်ရှိမှာ Only one word ကိုသာ Translate လုပ်နိုင်ဦးမှာဖြစ်ပြီး နောက် Update တွေမှာတော့ Multiple words translation ရအောင်လုပ်ပေးမယ်လို့သိရပါတယ်။ Screenshot နဲ့ပါတ်သတ်ပြီး Preview ကို Noti အနေနဲ့ပြတာမဟုတ်ပဲ Screenshot Screen ပေါ်မှာပဲ ၃ စက္ကန့် ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Multiple screenshot ပြုလုပ်နေစရာမလိုပဲ Long screenshot ကို လွယ်ကူစွာပဲ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
၂၆. MIUI 8 မှာ Updater Apps ကိုလည်း Design ပိုင်းပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်။
(( အခုကျွန်တော်ပြောသွားတဲ့အချက်တွေဟာ လက်ရှိမှာ ကျွန်တော့်အနေနဲ့ ထုတ်ပြောပြလို့ရတဲ့ အချက်တွေကိုပဲ အကြမ်းမျဥ်ပြောပြထားတာဖြစ်ပါတယ်။ အခြားသော Function တွေ Features တွေနဲ့ပါတ်သတ်ပြီးတော့ အသေးစိတ်ကတော့ ပြင်ဆင်ထည့်သွင်းမှုတွေပြုလုပ်ဆဲဖြစ်တဲ့အတွက် လက်ရှိတော့ Super Moderators ကြီး Public ထုတ်ပြောထားတဲ့ အတိုင်းအတာလောက်ထိပဲ ကျွန်တော်ပြောလို့ရပါသေးတယ်ခင်ဗျာ ))
(( Xiaomi Fans, Mi Fans များ MIIUI 8 ကို ရင်ခုန်စွာ မျှော်လင့်စောင့်စားရင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေခင်ဗျာ ))
Credit to Ko Than Dana(Myanmar Xiaomi Fan)
Share By https://web.facebook.com/xiaomimyanmarservice/
No comments