Header Ads

Mi Drone

တစ်စချင်းစီဖြုတ်ပြီး အိတ်ထဲထည့်ကာ အလွယ်တကူသယ်သွားလို့ ရနိုင်မယ့် Mi Drone ဟာ 5100 mAh ဘက်ထရီပါဝင်တာကြောင့် 27 မိနစ်အထိ ကြာအောင် လေထဲမှာပျံသန်းနိုင်ပါလိမ့်မယ် .. Drone လိုချင်သူ Fan တွေအတွက် Mi ကတော့ Drone နယ်ပယ်ကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်
3Km အကွာအဝေးထိ ထိန်းချုပ်နိုင်မှာဖြစ်ပြီး GPS စနစ်နဲ့ ချိတ်ဆက်ထားတာကြောင့် range ကနေလွန်သွားရင်မူလနေရာကို အလိုအလျောက် ပြန်လှည့် လာမှာ ဖြစ်ပါတယ် ပြီးတော့ Drone မပျံသန်းရ တားမြစ်နယ်မြေတွေနား ရောက်ရင် ဆက်မပျံပဲ ရပ်နေဦးမှာပါတဲ့
ကင်မရာကို 12 MP တပ်ဆင်ထားပြီး sonyရဲ့ sensor နဲ့ Ambrella image processor ကိုတပ်ဆင်ထားတာကြောင့် 4K support လုပ်ပါမယ်
ဈေးနှုန်းတွေကတော့ 1080P ရုပ်ထွက်ကင်မရာပါ ဒရုန်းအတွက်$380 ဝန်းကျင်ဖြစ်ပြီး
4k ရုပ်ထွက်ကင်မရာပါ ဒရုန်းအတွက် $456 ဝန်းကျင် ကျသင့်ပါမယ်။

Credit To MiUI Myanmar Fan (The Official Fan Site Of Myanmar Mi

Share By https://web.facebook.com/xiaomimyanmarservice/





No comments