Header Ads

Mi account ႏွင့္ပတ္သက္သမွ် မွတ္သားဖြယ္ေလ့လာဖြယ္ရာမ်ား

!!! Mi Account !!!
********************
Xiaomi ဖုန္းခ်စ္သူမ်ားအတြက္ အေရးပါေသာအရာတစ္ခုလို႔ ေျပာလို႔ရတဲ့ Mi Account ရဲ႕ အသံုးဝင္ပံု သံုးလို႔ေကာင္းတဲ့ Feature ေတြ အေၾကာင္းကို အနည္းငယ္ေျပာျပေပးခ်င္ပါတယ္။
‪#‎Mi‬ Account ကိုဘာေၾကာင့္လိုအပ္တာလဲ ?
Mi Account ရွိမွသာ Theme app ကေန ျမန္မာစာကို Download ရယူျပီး ျမန္မာစာကို ရယူႏုိင္တာက အေကာင္းဆံုး အားသာခ်က္တစ္ခု ျဖစ္ေနမွာပါ။ Theme - Customize - fonts မွာ Zawgyi လို႔ ရုိက္ရွာလိုက္ရုံျဖင့္ ျမန္မာစာ ကိုရရွိႏုိင္တဲ့အတြက္ ျမန္မာစာကို အဆင္ေျပဆံုး အသံုးျပဳႏုိင္မွာပါ။ တကယ္တန္းသံုးမယ္ဆိုရင္ Font ရွာရုံတင္ မဟုတ္ပဲ ႏွစ္သက္ရာ Theme မ်ိဳးစံုနဲ႔ မိမိဖုန္းကို ေျပာင္းလဲျပင္ဆင္ႏုိင္ဦးမွာပါ။
ေနာက္အားသာခ်က္တစ္ခုကေတာ့ Mi Cloud ပါဝင္တာျဖစ္ပါတယ္။ Mi Cloud ဆိုတာ ဘာလဲဆိုရင္ Xiaomi ကေန ဖုန္းအသံုးျပဳသူတိုင္းကို Storage 5GB Free ေပးထားတာလို႔ပဲ အလြယ္ေျပာရမွာပါ။ Local Storage မဟုတ္ပဲ Online Storage တစ္ခုျဖစ္တဲ့အတြက္ မိမိရဲ႕ Contacts, Messages, Gallery, Call Log, Notes, Wifi Setting, Recordings ေတြကို စိတ္ခ်လက္ခ် Backup လုပ္ထားႏုိင္မွာပါ။ Mi Cloud မွာ Backup ယူထားတယ္ ဆိုရင္ ေနာင္ ဖုန္းေျပာင္းတာပဲျဖစ္ျဖစ္၊ ဖုန္း Reset ခ်မိတာပဲျဖစ္ျဖစ္ Mi Account Sign in ျပန္ဝင္ျပီး Mi Cloud ထဲမွ Data ေတြကို Restore ျပဳလုပ္လိုက္တာနဲ႔ သံုးလက္စအတိုင္း ျပန္ျပီး ရရွိႏုိင္မွာပါ။
Mi Cloud ထဲမွာမွ အသံုးဝင္တဲ့ Feature ေနာက္တစ္ခုကေတာ့ Find Device Feature ပဲျဖစ္ပါတယ္။ Find Device လို႔ေျပာလိုက္တာနဲ႔ ဒါဟာ ဖုန္းေပ်ာက္ရင္ ျပန္လည္ရွာေဖြတဲ့ Feature တစ္ခုျဖစ္တယ္ဆိုတာကိုေတာ့ ခန္႔မွန္းမိၾကမွာပါ။ တကယ္လို႔ ဖုန္းေပ်ာက္သြားခဲ့ရင္ ျပန္လည္ရွာေဖြႏုိင္မွာျဖစ္ျပီး https://i.mi.com/ ကေနတစ္ဆင့္ Mi Account ကို Sign in ဝင္ေရာက္ျပီး ရွာေဖြႏုိင္မွာပါ။ Mi Cloud မွာ Backup ရယူထားတဲ့ Data ေတြကို ရယူႏုိင္မွာျဖစ္သလို Find Device Feature တြင္လည္း ဖုန္းကို Lock ခ်ျခင္း၊ Alarm ျမည္ေစျခင္း၊ Data မ်ားကို ဖ်က္ပစ္ျခင္းမ်ားကို ျပဳလုပ္ႏုိင္မွာပါ။
( Find Device Feature ကို တကယ္ဖုန္းေပ်ာက္တာမ်ိဳးမဟုတ္ပဲနဲ႔ေတာ့ မစမ္းသပ္ဖို႔ သတိေပးပါရေစ။ ဖုန္းကို Lock ခ်လိုက္ရင္ Mi Account password ျဖင့္သာ ျပန္လည္ဝင္ေရာက္ရမွာျဖစ္ျပီး Internet ခ်ိတ္ဆက္ရန္ အခက္အခဲ (သို႔) Mi Account password ေမ့ေနပါက ျပန္လည္အသံုးျပဳလို႔ ရမွာမဟုတ္ပါဘူး။ အဲ့ဒီအျပင္ ေနာက္ပိုင္း Xiaomi ဖုန္းေတြမွာ Security ပိုင္း ျမင့္မားလာျပီး Mi Acoout Lock က်ပါက ျပန္လည္ေျဖႏုိင္တဲ့ Service နည္းပါးလာတဲ့အတြက္ Mi Account ID နဲ႔ Password ကေတာ့ မျဖစ္မေန မွတ္ထားဖို႔ လိုအပ္ပါလိမ့္မယ္။ )
#Mi Account တစ္ခုကို ဘယ္လိုျပဳလုပ္ၾကမလဲ ?
Mi Account တစ္ခုကို ျပဳလုပ္ေတာ့မယ္ ဆိုရင္ ဖုန္းရဲ႕ Mi Account app ကေနပဲျဖစ္ျဖစ္၊ Setting - Mi Account ကပဲျဖစ္ျဖစ္ Create Mi Account ကေန အလြယ္တကူျပဳလုပ္လို႔ရပါတယ္။ နည္း ၂ မ်ိဳးျဖင့္ ျပဳလုပ္ႏုိင္ျပီး Sim card ျဖင့္ (သို႔) Email/Gmail ျဖင့္ ျပဳလုပ္ႏုိင္မွာပါ။ Sim card နဲ႔ ျပဳလုပ္တာကေတာ့ မ်ားေသာအားျဖင့္ ပိုမိုျမန္ဆန္ျပီး တခါတေလ Telecom Operator ေပၚမႈတည္ျပီးလည္း ၾကာႏုိင္ပါတယ္။
Gmail ျဖင့္ ဖြင့္မယ္ဆိုရင္ ေအာက္ပါ Link ကေန ျပဳလုပ္တာက ပိုမိုျမန္ဆန္မွာ ျဖစ္ပါတယ္။ ပံုမွန္ Account တစ္ခု ဖြင့္တဲ့အတိုင္း လိုအပ္တဲ့ Field ေတြကို ျဖည့္သြားျပီး ကိုယ့္ရဲ႕ Gmail Inbox ထဲကို ပို႔လာတဲ့ Verification code ကို ျဖည့္လိုက္တာနဲ႔ Mi Account ဖြင့္လွစ္ျခင္း ျပီးဆံုးမွာျဖစ္ပါတယ္။
‪#‎မွတ္ခ်က္‬ ။ Mi Account တစ္ခုအသံုးျပဳေနျပီဆိုရင္ ထို Account ကို Device 10 ခုအထိ အသံုးျပဳႏုိင္မွာ ျဖစ္တဲ့အတြက္ ဖုန္းတစ္လံုး Account တစ္ခု ထားစရာ မလိုအပ္ပါဘူး။ ထပ္မံ သတိထားေစခ်င္တာကေတာ့ Mi Account ရဲ႕ ID No. နဲ႔ Password ကိုေသခ်ာမွတ္ထားေပးဖို႔ပဲ ျဖစ္ပါတယ္ ခင္ဗ်ာ။
**********************************************************************************
* Unicode Version *
!!! Mi Account !!!
*********************
Xiaomi ဖုန်းချစ်သူများအတွက် အရေးပါသောအရာတစ်ခုလို့ ပြောလို့ရတဲ့ Mi Account ရဲ့ အသုံးဝင်ပုံ သုံးလို့ကောင်းတဲ့ Feature တွေ အကြောင်းကို အနည်းငယ်ပြောပြပေးချင်ပါတယ်။
#Mi Account ကိုဘာကြောင့်လိုအပ်တာလဲ ?
Mi Account ရှိမှသာ Theme app ကနေ မြန်မာစာကို Download ရယူပြီး မြန်မာစာကို ရယူနိုင်တာက အကောင်းဆုံး အားသာချက်တစ်ခု ဖြစ်နေမှာပါ။ Theme - Customize - fonts မှာ Zawgyi လို့ ရိုက်ရှာလိုက်ရုံဖြင့် မြန်မာစာ ကိုရရှိနိုင်တဲ့အတွက် မြန်မာစာကို အဆင်ပြေဆုံး အသုံးပြုနိုင်မှာပါ။ တကယ်တန်းသုံးမယ်ဆိုရင် Font ရှာရုံတင် မဟုတ်ပဲ နှစ်သက်ရာ Theme မျိုးစုံနဲ့ မိမိဖုန်းကို ပြောင်းလဲပြင်ဆင်နိုင်ဦးမှာပါ။
နောက်အားသာချက်တစ်ခုကတော့ Mi Cloud ပါဝင်တာဖြစ်ပါတယ်။ Mi Cloud ဆိုတာ ဘာလဲဆိုရင် Xiaomi ကနေ ဖုန်းအသုံးပြုသူတိုင်းကို Storage 5GB Free ပေးထားတာလို့ပဲ အလွယ်ပြောရမှာပါ။ Local Storage မဟုတ်ပဲ Online Storage တစ်ခုဖြစ်တဲ့အတွက် မိမိရဲ့ Contacts, Messages, Gallery, Call Log, Notes, Wifi Setting, Recordings တွေကို စိတ်ချလက်ချ Backup လုပ်ထားနိုင်မှာပါ။ Mi Cloud မှာ Backup ယူထားတယ် ဆိုရင် နောင် ဖုန်းပြောင်းတာပဲဖြစ်ဖြစ်၊ ဖုန်း Reset ချမိတာပဲဖြစ်ဖြစ် Mi Account Sign in ပြန်ဝင်ပြီး Mi Cloud ထဲမှ Data တွေကို Restore ပြုလုပ်လိုက်တာနဲ့ သုံးလက်စအတိုင်း ပြန်ပြီး ရရှိနိုင်မှာပါ။
Mi Cloud ထဲမှာမှ အသုံးဝင်တဲ့ Feature နောက်တစ်ခုကတော့ Find Device Feature ပဲဖြစ်ပါတယ်။ Find Device လို့ပြောလိုက်တာနဲ့ ဒါဟာ ဖုန်းပျောက်ရင် ပြန်လည်ရှာဖွေတဲ့ Feature တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ခန့်မှန်းမိကြမှာပါ။ တကယ်လို့ ဖုန်းပျောက်သွားခဲ့ရင် ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပြီး https://i.mi.com/ ကနေတစ်ဆင့် Mi Account ကို Sign in ဝင်ရောက်ပြီး ရှာဖွေနိုင်မှာပါ။ Mi Cloud မှာ Backup ရယူထားတဲ့ Data တွေကို ရယူနိုင်မှာဖြစ်သလို Find Device Feature တွင်လည်း ဖုန်းကို Lock ချခြင်း၊ Alarm မြည်စေခြင်း၊ Data များကို ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်မှာပါ။
( Find Device Feature ကို တကယ်ဖုန်းပျောက်တာမျိုးမဟုတ်ပဲနဲ့တော့ မစမ်းသပ်ဖို့ သတိပေးပါရစေ။ ဖုန်းကို Lock ချလိုက်ရင် Mi Account password ဖြင့်သာ ပြန်လည်ဝင်ရောက်ရမှာဖြစ်ပြီး Internet ချိတ်ဆက်ရန် အခက်အခဲ (သို့) Mi Account password မေ့နေပါက ပြန်လည်အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ အဲ့ဒီအပြင် နောက်ပိုင်း Xiaomi ဖုန်းတွေမှာ Security ပိုင်း မြင့်မားလာပြီး Mi Acoout Lock ကျပါက ပြန်လည်ဖြေနိုင်တဲ့ Service နည်းပါးလာတဲ့အတွက် Mi Account ID နဲ့ Password ကတော့ မဖြစ်မနေ မှတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ )
#Mi Account တစ်ခုကို ဘယ်လိုပြုလုပ်ကြမလဲ ?
Mi Account တစ်ခုကို ပြုလုပ်တော့မယ် ဆိုရင် ဖုန်းရဲ့ Mi Account app ကနေပဲဖြစ်ဖြစ်၊ Setting - Mi Account ကပဲဖြစ်ဖြစ် Create Mi Account ကနေ အလွယ်တကူပြုလုပ်လို့ရပါတယ်။ နည်း ၂ မျိုးဖြင့် ပြုလုပ်နိုင်ပြီး Sim card ဖြင့် (သို့) Email/Gmail ဖြင့် ပြုလုပ်နိုင်မှာပါ။ Sim card နဲ့ ပြုလုပ်တာကတော့ များသောအားဖြင့် ပိုမိုမြန်ဆန်ပြီး တခါတလေ Telecom Operator ပေါ်မှုတည်ပြီးလည်း ကြာနိုင်ပါတယ်။
Gmail ဖြင့် ဖွင့်မယ်ဆိုရင် အောက်ပါ Link ကနေ ပြုလုပ်တာက ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ပုံမှန် Account တစ်ခု ဖွင့်တဲ့အတိုင်း လိုအပ်တဲ့ Field တွေကို ဖြည့်သွားပြီး ကိုယ့်ရဲ့ Gmail Inbox ထဲကို ပို့လာတဲ့ Verification code ကို ဖြည့်လိုက်တာနဲ့ Mi Account ဖွင့်လှစ်ခြင်း ပြီးဆုံးမှာဖြစ်ပါတယ်။
‪#‎မှတ်ချက်‬ ။ Mi Account တစ်ခုအသုံးပြုနေပြီဆိုရင် ထို Account ကို Device 10 ခုအထိ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဖုန်းတစ်လုံး Account တစ်ခု ထားစရာ မလိုအပ်ပါဘူး။ ထပ်မံ သတိထားစေချင်တာကတော့ Mi Account ရဲ့ ID No.
နဲ့ Password ကိုသေချာမှတ်ထားပေးဖို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။

Credit To Mi Store Yangon 
Share By https://web.facebook.com/xiaomimyanmarservice/

No comments