Header Ads

Xiaomi Power Bank အတု အစစ္ခြဲၿခားနည္း

Xiaomi ဖုန္းခ်စ္သူမ်ား အားလံုး မဂၤလာပါ ခင္ဗ်ာ။ Xiaomi Powerbank ေတြဟာဆိုရင္ ေစ်းကြက္အတြင္းမွာ အေကာင္းဆံုး နဲ႔ Efficiency အမ်ားဆံုး Powerbank ေတြအျဖစ္ နာမည္ၾကီး လူၾကိဳက္မ်ားေနေသာ Powerbank ေတြျဖစ္ပါတယ္။ ဒါေပမယ့္ ေအာင္ျမင္တဲ့အမ်ိဳးအစား တစ္ခုျဖစ္တာနဲ႔အတူ အတုမ်ားစြာ ေစ်းကြက္အတြင္းမွာ ဝင္ေရာက္လာေနပါတယ္။ စစ္မွန္တဲ့ Xiaomi Powerbank တစ္ခု ဟုတ္မဟုတ္ကို ခြဲျခားႏုိင္တဲ့ အခ်က္ ၁၀ ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ ခင္ဗ်ာ။ 
#1 Packing တြင္ ပါဝင္ေသာ ခဲျခစ္နံပါတ္ အလံုး ၂၀ ျဖင့္ စစ္ေဆးျခင္း
Packing တြင္ Mi Logo ႏွင့္ ေရႊေရာင္ခဲျခစ္ Sticker ပါဝင္ျပီး အဆိုပါ နံပါတ္ကို ခဲျခစ္၍http://www.mi.com/verify/#secur_en တြင္ စစ္ေဆးႏုိင္မွာျဖစ္ပါတယ္။
#2 Charging cable ကို စစ္ေဆးျခင္း
Mi Powerbank အစစ္ရဲ႕ Charging ၾကိဳးမွာ မည္သည့္ Logo မွ မပါဝင္ပါဘူး။ တကယ္လို႔ Mi Logo (သို႔) အျခား Logo တစ္ခုခု ရုိက္ႏွိပ္ထားက အတုလို႔ ေျပာလို႔ရႏုိင္ပါတယ္။
#3 Powerbank ကို အားသြင္းေနရင္း နဲ႔ ဖုန္းကို အားသြင္းျခင္း
Mi Powerbank ေတြမွာ Powerbank ကိုယ္တိုင္ကို အားသြင္းေနရင္းနဲ႔ တျပိဳင္နက္ထဲ ဖုန္းကို အားသြင္းေပးႏုိင္တဲ့ စနစ္ပါဝင္ပါတယ္။ Powerbank အတုေတြမွာ အဲ့လို Function မပါဝင္တတ္သျဖင့္ စစ္ေဆးၾကည့္ႏုိင္ပါတယ္။
#4 USB Ports ေတြကို စစ္ေဆးၾကည့္ျခင္း
Mi Powerbank အစစ္ရဲ႕ Micro USB နဲ႔ USB Ports ေတြဟာ အျဖဳေရာင္သမ္းေနျပီး အျပင္ကို ထြက္ေနတဲ့ အရာမ်ိဳး မရွိပါဘူး။
#5 ေအာက္ေျခက ရုိက္ႏွိပ္ထားေသာ စာတန္းျဖင့္ ခြဲျခားျခင္း
Mi Powerbank အစစ္ေတြမွာ ေအာက္ေျခစာတန္းကို ၾကည့္ျပီးလည္း အတု အစစ္ ခြဲျခားႏုိင္ပါတယ္။ အစစ္မွာဆိုရင္ စာတန္းေတြက မီးခိုးေရာင္ေဖ်ာ႔ေဖ်ာ႔ျဖင့္ ရုိက္ႏွိပ္ထားျပီး လက္ျဖင့္ပြတ္ၾကည့္ရင္ေတာင္ သိသိသာသာ ျမင္ႏုိင္ပါတယ္။ Powerbank အတုအမ်ားစုဟာ စာတန္းကို ထင္ရွားစြာ ရုိက္ႏုိပ္ထားျပီး သိသာထင္ရွားမႈ သိပ္မရွိပဲျဖစ္ေနမွာပါ။
#6 LED Lights မ်ားျဖင့္ ခြဲျခားႏုိင္ျခင္း
Mi Powerbank စစ္မစစ္ကို LED မီးလံုးမ်ားျဖင့္လည္း ခြဲျခားႏုိင္ျပီး Mi Powerbank အစစ္ေတြမွာ Power button ကိုဖိထားရင္ LED မီးအကုန္ပိတ္သြားမွာ ျဖစ္ျပီး မီးအေရာင္က အျပင္ကိုသိသာထင္ရွားစြာ ထြက္ေနမွာ မဟုတ္ပါဘူး။
#7 USB Port အတြင္းရွိ Mi Logo ျဖင့္ ခြဲျခားႏုိင္ျခင္း
Xiaomi Powerbank ေတြရဲ႕ USB Port အတြင္းပိုင္းမွာ Mi Logo ကို အသားတံဆိပ္ ရိုက္ႏွိပ္ထားသျဖင့္ အလြယ္တကူ ခြဲျခားႏုိင္မွာပါ။
#8 အတြင္းပိုင္း Battery ကို ၾကည့္၍ ခြဲျခားျခင္း
အကယ္၍ Powerbank ကို ဖြင့္ၾကည့္ႏုိင္ပါက Xiaomi Powerbank ေတြမွာ အရည္အေသြး အလြန္ေကာင္းမြန္တဲ့ Panasonic, Samsung, LG စေသာ Company မ်ားမွ Battery မ်ားကို အသံုးျပဳထားေၾကာင္း သိနုိင္ပါတယ္ ခင္ဗ်ာ။ အတု အမ်ားစုမွာ အမ်ိဳးအမည္ မခြဲျခားႏုိင္တဲ့ Battery မ်ားကိုသာ သံုးစြဲထားပါတယ္။
#9 Charging cable ကုိ အဝင္ Micro USB နဲ႔ အထြက္ USB ကို တခ်ိန္ထဲထိုး၍ စမ္းသပ္ျခင္း
Xiaomi Powerbank မ်ားတြင္ Charging cable ကုိ အဝင္ Micro USB နဲ႔ အထြက္ USB ကို တျပိဳင္ထဲ ထိုးၾကည့္ပါက မီးလင္းလာျခင္းမ်ိဳး မရွိပဲ အတုအမ်ားစုမွာေတာ့ LED မီးလင္းလာမွာ ျဖစ္ပါတယ္။
#10 20800mAh ကဲ့သို႔ တကယ္မရွိေသာ စာတန္းမ်ား ရုိက္ႏွိပ္ထားျခင္း
Mi Powerbank ေတြမွာ Batter capacity ၆ မ်ိဳးသာ ထုတ္လုပ္ထားျပီး ေအာက္ပါ အတိုင္းျဖစ္ပါတယ္။
Mi 5,000 mAh Power Bank
Mi 5,200 mAh Power Bank
Mi 10,000 mAh Power Bank (Normal & Slim with USB Type C)
Mi 10,400 mAh Power bank
Mi 16,000 mAh Power Bank
Mi 20,000 mAh Power bank
စစ္မွန္တဲ့ Xiaomi Powerbank ေတြကို ေရြးခ်ယ္ဝယ္ယူႏုိင္ၾကမယ္လို႔ ေမွ်ာ္လင့္မိပါတယ္ ခင္ဗ်ာ။ တကယ္လို႔ မစစ္ေဆးခ်င္ရင္ေတာ့ Mi Store Yangon ဆိုင္ေတြမွာ စိတ္ခ်လက္ခ်ဖာ္ျပေပးလိုက္ပ့တယ္နဲ႔ ဝယ္ယူႏုိင္ပါတယ္ ခင္ဗာ်။ လက္ရွိေရာင္းေစ်းေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။
***Xiaomi PowerBank***
Mi Power Bank 5000 mAh - 13,500 ks
Mi Power Bank 5200 mAh – 14,000 ks ( Out of stock )
Mi Power Bank 10000 mAh ေငြ - 17,500 ks
Mi Power Bank 10400 mAh ေငြ - 19,000 ks
Mi Power Bank 10400 mAh ေရႊ - 19,000 ks
Mi Power Bank 16000 mAh – 25,000 ks
Mi Power Bank 20000 mAh – 41000 ( new arrivel )
PowerBank Silicon cover(10400mAh) - 3,000 ks
PowerBank Cover(16000mah)- 3,500 ks
PowerBank Cover(5000mah)- 3,000 ks
********************************************************************************
* Unicode Version *
Xiaomi ဖုန်းချစ်သူများ အားလုံး မင်္ဂလာပါ ခင်ဗျာ။ Xiaomi Powerbank တွေဟာဆိုရင် စျေးကွက်အတွင်းမှာ အကောင်းဆုံး နဲ့ Efficiency အများဆုံး Powerbank တွေအဖြစ် နာမည်ကြီး လူကြိုက်များနေသော Powerbank တွေဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့အမျိုးအစား တစ်ခုဖြစ်တာနဲ့အတူ အတုများစွာ စျေးကွက်အတွင်းမှာ ဝင်ရောက်လာနေပါတယ်။ စစ်မှန်တဲ့ Xiaomi Powerbank တစ်ခု ဟုတ်မဟုတ်ကို ခွဲခြားနိုင်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ 
#1 Packing တွင် ပါဝင်သော ခဲခြစ်နံပါတ် အလုံး ၂၀ ဖြင့် စစ်ဆေးခြင်း
Packing တွင် Mi Logo နှင့် ရွှေရောင်ခဲခြစ် Sticker ပါဝင်ပြီး အဆိုပါ နံပါတ်ကို ခဲခြစ်၍http://www.mi.com/verify/#secur_en တွင် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
#2 Charging cable ကို စစ်ဆေးခြင်း
Mi Powerbank အစစ်ရဲ့ Charging ကြိုးမှာ မည်သည့် Logo မှ မပါဝင်ပါဘူး။ တကယ်လို့ Mi Logo (သို့) အခြား Logo တစ်ခုခု ရိုက်နှိပ်ထားက အတုလို့ ပြောလို့ရနိုင်ပါတယ်။
#3 Powerbank ကို အားသွင်းနေရင်း နဲ့ ဖုန်းကို အားသွင်းခြင်း
Mi Powerbank တွေမှာ Powerbank ကိုယ်တိုင်ကို အားသွင်းနေရင်းနဲ့ တပြိုင်နက်ထဲ ဖုန်းကို အားသွင်းပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ Powerbank အတုတွေမှာ အဲ့လို Function မပါဝင်တတ်သဖြင့် စစ်ဆေးကြည့်နိုင်ပါတယ်။
#4 USB Ports တွေကို စစ်ဆေးကြည့်ခြင်း
Mi Powerbank အစစ်ရဲ့ Micro USB နဲ့ USB Ports တွေဟာ အဖြုရောင်သမ်းနေပြီး အပြင်ကို ထွက်နေတဲ့ အရာမျိုး မရှိပါဘူး။
#5 အောက်ခြေက ရိုက်နှိပ်ထားသော စာတန်းဖြင့် ခွဲခြားခြင်း
Mi Powerbank အစစ်တွေမှာ အောက်ခြေစာတန်းကို ကြည့်ပြီးလည်း အတု အစစ် ခွဲခြားနိုင်ပါတယ်။ အစစ်မှာဆိုရင် စာတန်းတွေက မီးခိုးရောင်ဖျော့ဖျော့ဖြင့် ရိုက်နှိပ်ထားပြီး လက်ဖြင့်ပွတ်ကြည့်ရင်တောင် သိသိသာသာ မြင်နိုင်ပါတယ်။ Powerbank အတုအများစုဟာ စာတန်းကို ထင်ရှားစွာ ရိုက်နိုပ်ထားပြီး သိသာထင်ရှားမှု သိပ်မရှိပဲဖြစ်နေမှာပါ။
#6 LED Lights များဖြင့် ခွဲခြားနိုင်ခြင်း
Mi Powerbank စစ်မစစ်ကို LED မီးလုံးများဖြင့်လည်း ခွဲခြားနိုင်ပြီး Mi Powerbank အစစ်တွေမှာ Power button ကိုဖိထားရင် LED မီးအကုန်ပိတ်သွားမှာ ဖြစ်ပြီး မီးအရောင်က အပြင်ကိုသိသာထင်ရှားစွာ ထွက်နေမှာ မဟုတ်ပါဘူး။
#7 USB Port အတွင်းရှိ Mi Logo ဖြင့် ခွဲခြားနိုင်ခြင်း
Xiaomi Powerbank တွေရဲ့ USB Port အတွင်းပိုင်းမှာ Mi Logo ကို အသားတံဆိပ် ရိုက်နှိပ်ထားသဖြင့် အလွယ်တကူ ခွဲခြားနိုင်မှာပါ။
#8 အတွင်းပိုင်း Battery ကို ကြည့်၍ ခွဲခြားခြင်း
အကယ်၍ Powerbank ကို ဖွင့်ကြည့်နိုင်ပါက Xiaomi Powerbank တွေမှာ အရည်အသွေး အလွန်ကောင်းမွန်တဲ့ Panasonic, Samsung, LG စသော Company များမှ Battery များကို အသုံးပြုထားကြောင်း သိနိုင်ပါတယ် ခင်ဗျာ။ အတု အများစုမှာ အမျိုးအမည် မခွဲခြားနိုင်တဲ့ Battery များကိုသာ သုံးစွဲထားပါတယ်။
#9 Charging cable ကို အဝင် Micro USB နဲ့ အထွက် USB ကို တချိန်ထဲထိုး၍ စမ်းသပ်ခြင်း
Xiaomi Powerbank များတွင် Charging cable ကို အဝင် Micro USB နဲ့ အထွက် USB ကို တပြိုင်ထဲ ထိုးကြည့်ပါက မီးလင်းလာခြင်းမျိုး မရှိပဲ အတုအများစုမှာတော့ LED မီးလင်းလာမှာ ဖြစ်ပါတယ်။
#10 20800mAh ကဲ့သို့ တကယ်မရှိသော စာတန်းများ ရိုက်နှိပ်ထားခြင်း
Mi Powerbank တွေမှာ Batter capacity ၆ မျိုးသာ ထုတ်လုပ်ထားပြီး အောက်ပါ အတိုင်းဖြစ်ပါတယ်။
Mi 5,000 mAh Power Bank
Mi 5,200 mAh Power Bank
Mi 10,000 mAh Power Bank (Normal & Slim with USB Type C)
Mi 10,400 mAh Power bank
Mi 16,000 mAh Power Bank
Mi 20,000 mAh Power bank
စစ်မှန်တဲ့ Xiaomi Powerbank တွေကို ရွေးချယ်ဝယ်ယူနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျာ။ တကယ်လို့ မစစ်ဆေးချင်ရင်တော့ Mi Store Yangon ဆိုင်တွေမှာ စိတ်ချလက်ချဖာ်ပြပေးလိုက်ပ့တယ်နဲ့ ဝယ်ယူနိုင်ပါတယ် ခင်ဗာျ။ လက်ရှိရောင်းစျေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
***Xiaomi PowerBank***
Mi Power Bank 5000 mAh - 13,500 ks
Mi Power Bank 5200 mAh – 14,000 ks ( Out of stock )
Mi Power Bank 10000 mAh ငွေ - 17,500 ks
Mi Power Bank 10400 mAh ငွေ - 19,000 ks
Mi Power Bank 10400 mAh ရွှေ - 19,000 ks
Mi Power Bank 16000 mAh – 25,000 ks
Mi Power Bank 20000 mAh – 41000 ( new arrivel )
PowerBank Silicon cover(10400mAh) - 3,000 ks
PowerBank Cover(16000mah)- 3,500 ks
PowerBank Cover(5000mah)- 3,000 ks
********************************************************************************

Credit To Mi Store Yangon 

Share By https://web.facebook.com/xiaomimyanmarservice/

No comments